၁ ယော 2:1-7 BCL

1 ငါ​၏​သား​သ​မီး​တို့၊ သင်​တို့​သည်​အ​ပြစ် မ​ကူး​ကြ​စေ​ရန်​ဤ​စာ​ကို​ငါ​ရေး​လိုက်​၏။ သို့​ရာ​တွင်​အကယ်​၍​တစ်​စုံ​တစ်​ယောက်​သော သူ​သည်​အ​ပြစ်​ကူး​မိ​ပါ​မူ ခ​မည်း​တော် ထံ​တွင်​ငါ​တို့​အ​တွက်​အသ​နား​ခံ​သည့်​ဖြောင့် မတ်​တော်​မူ​သော​အ​ရှင်​ယေ​ရှု​ခ​ရစ်​ရှိ​ပေ သည်။-

2 ကိုယ်​တော်​သည်​ငါ​တို့​၏​အ​ပြစ်​များ​သာ​မ​က ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​၏​အြုပစ်​ပြေ ရာ​ပြေ​ကြောင်း​ပူ​ဇော်​ဆက်​ကပ်​တော်​မူ​သော အရှင်​ဖြစ်​တော်​မူ​၏။

3 ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း မှ​သာ​လျှင်​ငါ​တို့​သည်​ကိုယ်​တော်​ကို​သိ​ကျွမ်း သူ​များ​ဖြစ်​ကြောင်း​အ​သေ​အ​ချာ​သိ​ရှိ နိုင်​မည်။-

4 ကိုယ်​တော်​ကို​သိ​ပါ​သည်​ဟု​ဆို​ပြီး​လျှင် ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း​သူ​သည် လူ​လိမ်​ဖြစ်​၍​ထို​သူ​၌​သစ္စာ​တ​ရား​မ​ရှိ။-

5-6 သို့​ရာ​တွင်​ကိုယ်​တော်​၏​စ​ကား​တော်​ကို​နား ထောင်​သူ​သည် အ​ကယ်​ပင်​ဘု​ရား​သ​ခင်​၏ ချစ်​ခြင်း​မေတ္တာ​နှင့်​ပြည့်​ဝ​စုံ​လင်​၏။ သို့​မှ သာ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​ကြောင်း​သေ​ချာ​သိ ပေ​သည်။ ဘု​ရား​သ​ခင်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ကြောင်း​သေ​ချာ​သိ​သူ​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ခြေ​တော်​ရာ​ကို လိုက်​လျှောက်​သူ​ဖြစ်​မည်။

7 ချစ်​ဆွေ​တို့၊ သင်​တို့​ထံ​သို့​ငါ​စာ​ရေး​သား ဖော်​ပြ​နေ​သည့်​ပ​ညတ်​သည်​အ​သစ်​မ​ဟုတ်။ အ​စ​မူ​လ​က​တည်း​က​သင်​တို့​ရ​ရှိ​ထား ကြ​သည့်​ပ​ညတ်​ဟောင်း​ဖြစ်​၏။ ထို​ပ​ညတ် ဟောင်း​ကား သင်​တို့​ကြား​နာ​ခဲ့​ရ​သည့် တ​ရား​တော်​ပင်​ဖြစ်​ပေ​သည်။-