၁ ယော 3:3-9 BCL

3 ခရစ်​တော်​ကို​အ​မှီ​ပြု​၍​ထို​သို့​မျှော်​လင့် တောင့်​တ​သူ​သည် ခ​ရစ်​တော်​သန့်​ရှင်း​ဖြူ​စင် တော်​မူ​သ​ကဲ့​သို့​မိ​မိ​ကိုယ်​ကို​သန့်​ရှင်း​ဖြူ စင်​စေ​တတ်​၏။

4 အ​ပြစ်​ကူး​ခြင်း​သည်​ပ​ညတ်​တော်​ကို​ချိုး ဖောက်​ခြင်း​ဖြစ်​သ​ဖြင့် အ​ပြစ်​ကူး​သူ​မှန် သ​မျှ​သည်​ပညတ်​တော်​ကို​ချိုး​ဖောက်​သူ​ဖြစ်​၏။-

5 ခ​ရစ်​တော်​သည်​လူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ရန်​ကြွ​လာ​တော်​မူ​ကြောင်း​ကို​သင်​တို့​သိ ကြ​၏။ ကိုယ်​တော်​သည်​အ​ပြစ်​ကင်း​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​၏။-

6 ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​တည်​နေ​သူ သည်​အ​ပြစ်​မ​ကူး​တတ်။ အ​ပြစ်​ကူး​တတ်​သူ မူ​ကား​ကိုယ်​တော်​ကို​မ​သိ​မ​မြင်​ဘူး​သူ ဖြစ်​၏။

7 သား​သ​မီး​တို့၊ အ​ဘယ်​သူ​မျှ​သင်​တို့​အား မှောက်​မှား​လမ်း​လွဲ​အောင်​မ​ပြု​စေ​နှင့်။ ခ​ရစ်​တော် သည်​ဖြောင့်​မတ်​တော်​မူ​သ​ကဲ့​သို့ အ​မှန်​တ​ရား​ကို ကျင့်​သုံး​သူ​သည်​လည်း​ဖြောင့်​မတ်​သူ​ဖြစ်​၏။-

8 အြုပစ်​တ​ရား​ကို​ကျင့်​သုံး​သူ​သည်​မာရ်​နတ် ၏​ဘက်​သား​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် မာရ်​နတ်​သည် မူ​လ​အ​စ​က​တည်း​က​ပင်​လျှင် အ​ပြစ်​ကူး​သူ​ဖြစ်​သော​ကြောင့်​တည်း။ ဘု​ရား သ​ခင်​၏​သား​တော်​ပေါ်​ထွန်း​တော်​မူ​သည့် အ​ကြောင်း​မှာ မာရ်​နတ်​ပြု​ခဲ့​သည့်​အ​မှု​ကို ချေ​ဖျက်​ရန်​ပင်​ဖြစ်​ပေ​သည်။

9 ဘု​ရား​သ​ခင်​၏​သား​သ​မီး​ဖြစ်​လာ​သူ​သည် အ​ပြစ်​မ​ကူး​တတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို သူ​၌​ဘု​ရား​သ​ခင်​၏​ဇာ​တိ​သ​ဘော​ပါ​ရှိ သော​ကြောင့်​ဖြစ်​၏။ သူ​သည်​ဘု​ရား​သ​ခင်​၏ သား​သ​မီး​ဖြစ်​သ​ဖြင့်​အ​ပြစ်​ဒု​စ​ရိုက် မ​ပြု​နိုင်။-