၁ ယော 4:2-8 BCL

2 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ဟုတ်​မ​ဟုတ် သင် တို့​သိ​ရှိ​နိုင်​မည့်​နည်း​ကား​ဤ​သို့​တည်း။ သ​ခင် ယေ​ရှု​သည်​လူ့​ဇာ​တိ​ကို​ခံ​ယူ​ကာ​ကြွ​လာ တော်​မူ​သည်​ဟု​ဝန်​ခံ​သူ​သည် ဘု​ရား​သ​ခင် ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော် ကို​ခံ​ယူ​ရ​ရှိ​သူ​ဖြစ်​၏။-

3 ယင်း​သို့​ဝန်​မ​ခံ​သူ​သည်​ကား ဘု​ရား​သ​ခင် ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော်​ကို ခံ​ယူ​ရ​ရှိ​သူ​မ​ဟုတ်။ ထို​သူ​တွင်​ကိန်း​အောင်း သည့်​ဝိ​ညာဉ်​မှာ ခ​ရစ်​တော်​၏​ရန်​သူ​ဖြစ်​၏။ ခ​ရစ်​တော်​၏​ရန်​သူ​ဝိ​ညာဉ်​သည် ဤ​လော​က သို့​ရောက်​ရှိ​လာ​မည်​ဖြစ်​ကြောင်း၊ သင်​တို့​ကြား သိ​ခဲ့​ကြ​၏။ သူ​သည်​ယ​ခု​ပင်​လျှင်​ရောက်​ရှိ လျက်​နေ​လေ​ပြီ။

4 သား​သ​မီး​တို့၊ သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​ဘက်​တော်​သား​များ​ဖြစ်​၍​မိစ္ဆာ​ပ​ရော​ဖက် များ​ကို​အ​နိုင်​ရ​ခဲ့​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​သင်​တို့​တွင်​ကျိန်း​ဝပ်​တော်​မူ​သော ဝိ​ညာဉ်​တော်​သည်​လော​က​သား​တို့​တွင်​ကိန်း ဝပ်​သော​ဝိ​ညာဉ်​ထက်​ကြီး​မြတ်​တော်​မူ​သော ကြောင့်​တည်း။-

5 မိစ္ဆာ​ပ​ရော​ဖက်​တို့​သည်​လော​က​နှင့်​ဆိုင်​သော သူ​များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​လော​ကီ​အ​ကြောင်း အ​ရာ​များ​ကို​ပြော​ဆို​ကြ​၏။ လော​က​သား တို့​သည်​လည်း​သူ​တို့​၏​စ​ကား​ကို​နား​ထောင် ကြ​၏။-

6 သို့​ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ဘက် တော်​သား​များ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​ကို​သိ သော​သူ​သည်​ငါ​တို့​စ​ကား​ကို​နား​ထောင်​တတ်​၏။ ဘု​ရား​သ​ခင်​၏​ဘက်​တော်​သား​မ​ဟုတ်​သူ​မူ ကား​ငါ​တို့​စ​ကား​ကို​နား​မ​ထောင်​တတ်။ ဤ သို့​လျှင်​ငါ​တို့​သည်​သမ္မာ​ဝိ​ညာဉ်​နှင့်​မိစ္ဆာ ဝိ​ညာဉ်​ကို​ခွဲ​ခြား​၍​သိ​ရှိ​နိုင်​ကြ​၏။

7 ချစ်​ဆွေ​တို့၊ ချစ်​ခြင်း​မေတ္တာ​သည်​ဘု​ရား​သခင်​ထံ တော်​မှ​သက်​ရောက်​လာ​သည်​ဖြစ်​ရာ ငါ​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​ချစ်​ကြ ကုန်​အံ့။ ချစ်​တတ်​သော​သူ​သည်​ဘု​ရား​သ​ခင်​၏ သား​သ​မီး​ဖြစ်​၏။ ကိုယ်​တော်​ကို​သိ​ကျွမ်း သော​သူ​လည်း​ဖြစ်​၏။-

8 ဘု​ရား​သ​ခင်​သည်​ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော် မူ​၏။ သို့​ဖြစ်​၍​မေတ္တာ​ကင်း​မဲ့​သူ​သည်​ဘု​ရား သ​ခင်​ကို​မ​သိ။-