၁ ယော 4:4-10 BCL

4 သား​သ​မီး​တို့၊ သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​ဘက်​တော်​သား​များ​ဖြစ်​၍​မိစ္ဆာ​ပ​ရော​ဖက် များ​ကို​အ​နိုင်​ရ​ခဲ့​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​သင်​တို့​တွင်​ကျိန်း​ဝပ်​တော်​မူ​သော ဝိ​ညာဉ်​တော်​သည်​လော​က​သား​တို့​တွင်​ကိန်း ဝပ်​သော​ဝိ​ညာဉ်​ထက်​ကြီး​မြတ်​တော်​မူ​သော ကြောင့်​တည်း။-

5 မိစ္ဆာ​ပ​ရော​ဖက်​တို့​သည်​လော​က​နှင့်​ဆိုင်​သော သူ​များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​လော​ကီ​အ​ကြောင်း အ​ရာ​များ​ကို​ပြော​ဆို​ကြ​၏။ လော​က​သား တို့​သည်​လည်း​သူ​တို့​၏​စ​ကား​ကို​နား​ထောင် ကြ​၏။-

6 သို့​ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ဘက် တော်​သား​များ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​ကို​သိ သော​သူ​သည်​ငါ​တို့​စ​ကား​ကို​နား​ထောင်​တတ်​၏။ ဘု​ရား​သ​ခင်​၏​ဘက်​တော်​သား​မ​ဟုတ်​သူ​မူ ကား​ငါ​တို့​စ​ကား​ကို​နား​မ​ထောင်​တတ်။ ဤ သို့​လျှင်​ငါ​တို့​သည်​သမ္မာ​ဝိ​ညာဉ်​နှင့်​မိစ္ဆာ ဝိ​ညာဉ်​ကို​ခွဲ​ခြား​၍​သိ​ရှိ​နိုင်​ကြ​၏။

7 ချစ်​ဆွေ​တို့၊ ချစ်​ခြင်း​မေတ္တာ​သည်​ဘု​ရား​သခင်​ထံ တော်​မှ​သက်​ရောက်​လာ​သည်​ဖြစ်​ရာ ငါ​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​ချစ်​ကြ ကုန်​အံ့။ ချစ်​တတ်​သော​သူ​သည်​ဘု​ရား​သ​ခင်​၏ သား​သ​မီး​ဖြစ်​၏။ ကိုယ်​တော်​ကို​သိ​ကျွမ်း သော​သူ​လည်း​ဖြစ်​၏။-

8 ဘု​ရား​သ​ခင်​သည်​ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော် မူ​၏။ သို့​ဖြစ်​၍​မေတ္တာ​ကင်း​မဲ့​သူ​သည်​ဘု​ရား သ​ခင်​ကို​မ​သိ။-

9 ငါ​တို့​သည်​သား​တော်​အား​ဖြင့်​အ​သက်​ကို ရ​ရှိ​ကြ​စေ​ရန်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏ တစ်​ပါး​တည်း​သော​သား​တော်​ကို​ဤ​လော​က သို့​စေ​လွှတ်​တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​အ​ပေါ် ၌​မိ​မိ​ထား​ရှိ​သော​မေတ္တာ​တော်​ကို​ပေါ်​လွင် ထင်​ရှား​စေ​တော်​မူ​၏။-

10 မေတ္တာ​ဟု​ဆို​ရာ​၌​ဘု​ရား​သခင်​အ​တွက်​ငါ တို့​ထား​ရှိ​သည့်​မေတ္တာ​ကို​မ​ဆို​လို။ ငါ​တို့​သည် အ​ပြစ်​များ​မှ​ပြေ​လွတ်​ခွင့်​ရ​ရှိ​၍ ပူ​ဇော်​ဆက် ကပ်​တော်​မူ​သော​သား​တော်​ကို​စေ​လွှတ်​တော် မူ​ခြင်း​အား​ဖြင့် ငါ​တို့​အား​ဘု​ရား​သ​ခင်​ပြ တော်​မူ​သော​မေတ္တာ​တော်​ကို​ဆို​လို​ပေ​သည်။