၂ တိ 3:2-8 BCL

2 လူ​တို့​သည်​တစ်​ကိုယ်​ကောင်း​စိတ်​ရှိ​သူ၊ လော​ဘ ကြီး​သူ၊ ကြွား​ဝါ​သူ၊ မိ​မိ​ကိုယ်​ကို​အ​ထင်​ကြီး သူ၊ စော်​ကား​သူ၊ မိ​ဘ​တို့​ကို​တော်​လှန်​သူ၊ ကျေး​ဇူး တ​ရား​မ​သိ​သူ၊ ဘု​ရား​တ​ရား​မ​ကြည်​ညို​သူ၊-

3 အ​ကြင်​နာ​ကင်း​မဲ့​သူ၊ ရက်​စက်​ကြမ်း​ကြုတ်​သူ၊ သူ​တစ်​ပါး​အ​သ​ရေ​ကို​ဖျက်​သူ၊ အ​ကြမ်း​ဖက် သူ၊ ကြမ်း​တမ်း​သူ၊ ကောင်း​မြတ်​သည့်​အ​ရာ​ကို မုန်း​သူ၊-

4 သစ္စာ​ဖောက်​သူ၊ အ​ရမ်း​မဲ့​ပြု​မူ​သူ၊ မာ​န​ကြီး​သူ၊ ဘု​ရား​သ​ခင်​ကို​နှစ်​သက်​သည်​ထက်​ကာ​မ​ဂုဏ် ခံ​စား​မှု​ကို​ပို​၍​နှစ်​သက်​သူ၊-

5 ဘာ​သာ​တ​ရား​ဆိုင်​ရာ​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို လိုက်​နာ​ကြ​သော်​လည်း ဘာ​သာ​တ​ရား​၏​ပြု ပြင်​သော​တန်​ခိုး​ကို​မူ​ကား​ငြင်း​ပယ်​သော​သူ များ​ဖြစ်​ကြ​လိမ့်​မည်။ သင်​သည်​ထို​သူ​တို့​ကို ရှောင်​ရှား​လော့။-

6 သူ​တို့​အ​နက်​အ​ချို့​တို့​သည်​အိမ်​များ​သို့​ဝင်​၍ အ​သိ​အ​လိမ္မာ​နည်း​သည့်​အ​မျိုး​သ​မီး​တို့​ကို မိ​မိ​တို့​လက်​တွင်း​သို့​ရောက်​အောင်​ပြု​လုပ်​တတ် ကြ​၏။ ထို​အ​မျိုး​သ​မီး​များ​သည်​မိ​မိ​တို့​ပြု မိ​ခဲ့​သည့်​အ​ပြစ်​များ​ဖြင့်​ဝန်​လေး​၍ အ​မျိုး မျိုး​သော​အာ​သာ​ရမ္မက်​များ​၏​ဆွဲ​ဆောင်​မှု ကို​ခံ​လျက်၊-

7 သင်​ကြား​မှု​ကို​ခံ​ယူ​ရန်​အ​စဉ်​ပင်​လို​လား​ကြ သော်​လည်း အ​ဘယ်​အ​ခါ​၌​မျှ​သမ္မာ​တ​ရား​ကို နား​လည်​နိုင်​စွမ်း​မ​ရှိ​သူ​များ​ဖြစ်​ကြ​၏။-

8 ယ​န္နေ​နှင့်​ယံ​ဗြေ​တို့​သည်​မော​ရှေ​ကို​ဆန့်​ကျင် ဖက်​ပြု​သ​ကဲ့​သို့ ထို​လူ​စု​တို့​သည်​လည်း​သမ္မာ တ​ရား​တော်​ကို​ဆန့်​ကျင်​ဘက်​ပြု​ကြ​၏။ သူ တို့​သည်​စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​မ​ရှိ​ဘဲ ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​သူ​များ​ဖြစ်​ပေ​သည်။-