၂ တိ 3:4-10 BCL

4 သစ္စာ​ဖောက်​သူ၊ အ​ရမ်း​မဲ့​ပြု​မူ​သူ၊ မာ​န​ကြီး​သူ၊ ဘု​ရား​သ​ခင်​ကို​နှစ်​သက်​သည်​ထက်​ကာ​မ​ဂုဏ် ခံ​စား​မှု​ကို​ပို​၍​နှစ်​သက်​သူ၊-

5 ဘာ​သာ​တ​ရား​ဆိုင်​ရာ​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို လိုက်​နာ​ကြ​သော်​လည်း ဘာ​သာ​တ​ရား​၏​ပြု ပြင်​သော​တန်​ခိုး​ကို​မူ​ကား​ငြင်း​ပယ်​သော​သူ များ​ဖြစ်​ကြ​လိမ့်​မည်။ သင်​သည်​ထို​သူ​တို့​ကို ရှောင်​ရှား​လော့။-

6 သူ​တို့​အ​နက်​အ​ချို့​တို့​သည်​အိမ်​များ​သို့​ဝင်​၍ အ​သိ​အ​လိမ္မာ​နည်း​သည့်​အ​မျိုး​သ​မီး​တို့​ကို မိ​မိ​တို့​လက်​တွင်း​သို့​ရောက်​အောင်​ပြု​လုပ်​တတ် ကြ​၏။ ထို​အ​မျိုး​သ​မီး​များ​သည်​မိ​မိ​တို့​ပြု မိ​ခဲ့​သည့်​အ​ပြစ်​များ​ဖြင့်​ဝန်​လေး​၍ အ​မျိုး မျိုး​သော​အာ​သာ​ရမ္မက်​များ​၏​ဆွဲ​ဆောင်​မှု ကို​ခံ​လျက်၊-

7 သင်​ကြား​မှု​ကို​ခံ​ယူ​ရန်​အ​စဉ်​ပင်​လို​လား​ကြ သော်​လည်း အ​ဘယ်​အ​ခါ​၌​မျှ​သမ္မာ​တ​ရား​ကို နား​လည်​နိုင်​စွမ်း​မ​ရှိ​သူ​များ​ဖြစ်​ကြ​၏။-

8 ယ​န္နေ​နှင့်​ယံ​ဗြေ​တို့​သည်​မော​ရှေ​ကို​ဆန့်​ကျင် ဖက်​ပြု​သ​ကဲ့​သို့ ထို​လူ​စု​တို့​သည်​လည်း​သမ္မာ တ​ရား​တော်​ကို​ဆန့်​ကျင်​ဘက်​ပြု​ကြ​၏။ သူ တို့​သည်​စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​မ​ရှိ​ဘဲ ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​သူ​များ​ဖြစ်​ပေ​သည်။-

9 သို့​ရာ​တွင်​သူ​တို့​၏​အောင်​မြင်​မှု​သည်​တာ​ရှည်​ခံ လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယန္နေ​နှင့် ယံ​ဗြေ​တို့​၏​မိုက်​မဲ​မှု​ကဲ့​သို့​သူ​တို့​၏​မိုက်​မဲ​မှု ကို​လူ​အ​ပေါင်း​တို့​တွေ့​ရှိ​လာ​မည်​ဖြစ်​သော ကြောင့်​တည်း။

10 သို့​ရာ​တွင်​သင်​သည်​ငါ​၏​သြ​ဝါ​ဒ၊ ငါ​၏ အ​ကျင့်​အ​ကြံ​နှင့်​ငါ​၏​ဘ​ဝ​ရည်​မှန်း​ချက်​ကို သိ​မြင်​ခဲ့​ပြီ။ ငါ​၏​ယုံ​ကြည်​ခြင်း၊ ငါ​၏​သည်း ညည်း​ခံ​ခြင်း၊ ငါ​၏​မေတ္တာ၊ ငါ​၏​ခံ​နိုင်​ရည်၊-