၂ တိ 4:16-22 BCL

16 ငါ​၏​အ​မှု​ကို​ပ​ထ​မ​အ​ကြိမ်​စစ်​ဆေး​ရာ​တွင် ငါ့ ကို​ထောက်​ခံ​ရန်​အ​ဘယ်​သူ​မျှ​မ​လာ​ကြ။ လူ​တိုင်း ပင်​ငါ့​ကို​စွန့်​ပစ်​သွား​ကြ​၏။ ထို​သူ​တို့​ဤ​သို့​ပြု ကြ​သည်​ကို​သ​ခင်​ဘု​ရား​သည်​သူ​တို့​၏​အ​ပြစ် ကို​မှတ်​တော်​မ​မူ​ပါ​စေ​နှင့်။-

17 သ​ခင်​ဘု​ရား​သည်​ငါ​နှင့်​အ​တူ​ရှိ​တော်​မူ​၍​ငါ့​ကို ခွန်​အား​ပေး​တော်​မူ​သ​ဖြင့် ငါ​သည်​လူ​မျိုး​ခြား အ​ပေါင်း​တို့​အား​တ​ရား​တော်​ကို​အ​ကုန်​အ​စင် ဟော​ပြော​နိုင်​၏။ ကိုယ်​တော်​ကယ်​တော်​မူ​သ​ဖြင့် ငါ​သည်​သေ​ဒဏ်​ခံ​ရ​ခြင်း​မှ​ကင်း​လွတ်​ခွင့်​ကို လည်း​ရ​ရှိ​၏။-

18 သ​ခင်​ဘု​ရား​သည်​ငါ့​အား​ဘေး​အန္တ​ရာယ် အ​ပေါင်း​တို့​မှ​ကယ်​နုတ်​တော်​မူ​၍​မိ​မိ​၏ ကောင်း​ကင်​နိုင်​ငံ​တော်​သို့​လုံ​ခြုံ​စွာ​ပို့​ဆောင် တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက် ဆက်​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ စေ​သ​တည်း။ အာ​မင်။

19 ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​မှ​စ​၍​သြ​နေ​သိ​ဖော် ၏​အိမ်​ထောင်​စု​အား​နှုတ်​ဆက်​လိုက်​၏။-

20 ဧ​ရတ္တု​သည်​ကော​ရိန္သု​မြို့​တွင်​နေ​ရစ်​၏။ တ​ရော​ဖိမ် သည်​ဖျား​နာ​နေ​သ​ဖြင့်​သူ့​အား​မိ​လက်​မြို့​တွင် ငါ​ထား​ခဲ့​၏။-

21 ဆောင်း​ဥ​တု​မ​ကျ​မီ​သင်​လာ​နိုင်​ရန်​အ​စွမ်း​ကုန် ကြိုး​စား​လော့။ဥ​ဗု​လု၊ ပု​ဒေ၊ လိ​နု၊ က​လော​ဒိ​မှ​စ​၍​ခ​ရစ်​ယာန် ညီ​အစ်​ကို​အ​ပေါင်း​တို့​က​နှုတ်​ဆက်​လိုက်​ကြ​၏။

22 သ​ခင်​ဘု​ရား​သည်​သင်​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော။ သင်​တို့​အ​ပေါင်း​သည်​ဘု​ရား​သ​ခင် ၏​ကျေးဇူး​တော်​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။ တိ​မော​သေ​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။