1 ဤဗျာဒိတ်တော်သည်ပေရသိဧကရာဇ်ဘုရင် ဒါရိနန်းစံဒုတိယနှစ်၊ အဋ္ဌမလ၌ပရောဖက် ဇာခရိအားထာဝရဘုရားပေးတော်မူသော နှုတ်ကပတ်တော်ဖြစ်သည်။ ဇာခရိကားဣဒေါ ၏မြေး၊ ဗာရခိ၏သားဖြစ်သတည်း။-
2 ထာဝရဘုရားကဇာခရိအား``ငါသည်သင် တို့၏ဘိုးဘေးများကိုလွန်စွာအမျက်ထွက် တော်မူခဲ့၏။-
3 သို့ရာတွင်သင်တို့သည်ငါ့ထံသို့ပြန်လာ ကြလော့။ ငါသည်လည်းသင်တို့ထံသို့ကြွ လာတော်မူမည်။-
4 သင်တို့သည်မိမိတို့ဘိုးဘေးများကဲ့သို့ မပြုကြနှင့်။ ရှေးအခါကပရောဖက်များ သည်သူတို့အား ယုတ်မာဆိုးညစ်သည့်အကျင့် များကိုရပ်စဲလိုက်ကြရန်ပြောကြားသော် လည်းသူတို့သည်နားမထောင်ဂရုမစိုက် ကြ'' ဟုမိန့်တော်မူ၏။-
5 ``ထိုပရောဖက်များနှင့်သင်တို့၏ဘိုး ဘေးများကားသေလွန်သွားကြလေပြီ။-