ဇာ​ခ​ရိ 11:1-6 BCL

1 အို လေ​ဗ​နုန်​တောင်၊ သင်​၏​သစ်​က​တိုး​ပင်​များ​သည်မီး​သင့်​လောင်​၍​သွား​နိုင်​ရန်​သင်​၏​တံ​ခါး​တို့​ကို ဖွင့်​ပါ​လော့။

2 အို ထင်း​ရှူး​ပင်​တို့​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။သစ်​က​တိုး​ပင်​များ​သည်​ပြို​လဲ​ကြ​လေ​ပြီ။ကြက်​သ​ရေ​ဆောင်​သည့်​ထို​အ​ပင်​တို့​သည် ပျက်​ပြုန်း​၍​သွား​လေ​ပြီ။အို ဗာ​ရှန်​ဝက်​သစ်​ချ​ပင်​တို့​ငို​ကြွေး မြည်​တမ်း​ကြ​လော့။ထူ​ထပ်​သည့်​သစ်​တော​ကို​ခုတ်​လှဲ​လိုက်​ကြ လေ​ပြီ။

3 ဘု​ရင်​မင်း​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက် ငို​ကြွေး​ကြ​၏။သူ​တို့​၏​ဘုန်း​အ​သ​ရေ​ကား​ကွယ်​ပျောက် သွား​လေ​ပြီ။ခြင်္သေ့​များ​၏​ဟောက်​သံ​ကို​နား​ထောင် ကြ​လော့။သူ​တို့​ခို​အောင်း​ရာ​ယော်​ဒန်​မြစ်​ဝှမ်း​ရှိ သစ်​တော​သည်​ကား​ပျက်​ပြုန်း​၍​သွား​လေ​ပြီ။

4 ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့ အား``သင်​သည်​သတ်​ရန်​လျာ​ထား​သည့်​သိုး စု​မှ​သိုး​ထိန်း​ကဲ့​သို့​ပြု​မူ​လော့။-

5 သိုး​ရှင်​များ​သည်​ထို​သိုး​တို့​ကို​သတ်​ဖြတ် ကြ​သော်​လည်း အ​ဘယ်​သို့​မျှ​အ​ပြစ်​မ​သင့် ကြ။ သူ​တို့​သည်​သိုး​သား​ကို​ရောင်း​ပြီး လျှင်`ငါ​တို့​ကား​ချမ်း​သာ​ကြွယ်​ဝ​လာ​လေ ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​မင်္ဂ​လာ​ရှိ​တော်​မူ စေ​သ​တည်း။' သိုး​ထိန်း​များ​ပင်​လျှင်​မိ​မိ တို့​၏​သိုး​များ​ကို​သ​နား​ဖော်​မ​ရ​ကြ​ဟု ဆို​ကြ​၏'' ဟူ​၍​မိန့်​တော်​မူ​၏။

6 (ထာ​ဝ​ရ​ဘု​ရား​က၊``ငါ​သည်​ကမ္ဘာ​မြေ​ကြီး ပေါ်​တွင်​အ​ဘယ်​သူ့​ကို​မျှ​သ​နား​တော့​မည် မ​ဟုတ်​ပါ။ ငါ​ကိုယ်​တိုင်​ပင်​လူ​အ​ပေါင်း​တို့ ကို သူ​တို့​၏​ဘု​ရင်​များ​၏​လက်​သို့​ပေး​အပ် မည်။ ထို​ဘု​ရင်​တို့​သည်​ကမ္ဘာ​မြေ​ကြီး​ကို ပျက်​ပြုန်း​စေ​ကြ​မည်​ဖြစ်​သော်​လည်း ငါ သည်​ကယ်​တင်​ပေး​လိမ့်​မည်​မ​ဟုတ်'' ဟု မိန့်​တော်​မူ​၏။)