1 ထာဝရဘုရား၏ကောင်းကင်တမန်ရှေ့တွင် ယဇ်ပုရောဟိတ်မင်းယောရှုရပ်လျက်နေသည် ကို အခြားဗျာဒိတ်ရူပါရုံတစ်ခုတွင်ငါ့ အားထာဝရဘုရားပြတော်မူ၏။ ယောရှု ၏နံဘေးတွင်စာတန်သည်ရပ်လျက်နေ၏။ သူသည်ယောရှုအားပြစ်တင်စွပ်စွဲရန် အသင့်ရှိပေသည်။-
2 ထာဝရဘုရား၏ကောင်းကင်တမန်ကစာတန် အား``အို စာတန်၊ ထာဝရဘုရားသည်သင့်အား အပြစ်ဒဏ်ခတ်တော်မူပါစေသော။ ယေရုရှလင် မြို့ကိုချစ်မြတ်နိုးတော်မူသောထာဝရဘုရား သည် သင့်အားအပြစ်ဒဏ်ခတ်တော်မူပါစေသော။ ဤသူသည်မီးထဲမှဆွဲနုတ်လိုက်သည့်တုတ် ချောင်းနှင့်တူပါ၏'' ဟုပြော၏။
3 ယောရှုသည်ညစ်ပေနေသောအဝတ်များကို ဝတ်လျက် ထိုအရပ်တွင်ရပ်၍နေ၏။-
4 ကောင်းကင်တမန်သည်မိမိ၏အစေအပါး ကောင်းကင်သားတို့အား``ဤသူဝတ်ဆင်ထား သည့်အဝတ်ညစ်တို့ကိုချွတ်ပစ်လော့'' ဟုဆို ပြီးလျှင်၊ ယောရှုအား``ငါသည်သင်၏အပြစ် ကိုဖယ်ရှားလိုက်ပြီးလျှင်သင်ဝတ်ဆင်ရန် အဝတ်သစ်များကိုပေးပါအံ့'' ဟုပြော လေသည်။