ဇာ​ခ​ရိ 3:1-7 BCL

1 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ရှေ့​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​ရပ်​လျက်​နေ​သည် ကို အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​တွင်​ငါ့ အား​ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​၏။ ယော​ရှု ၏​နံ​ဘေး​တွင်​စာ​တန်​သည်​ရပ်​လျက်​နေ​၏။ သူ​သည်​ယော​ရှု​အား​ပြစ်​တင်​စွပ်​စွဲ​ရန် အ​သင့်​ရှိ​ပေ​သည်။-

2 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်းကင်​တ​မန်​က​စာ​တန် အား``အို စာ​တန်၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော။ ယေ​ရု​ရှ​လင် မြို့​ကို​ချစ်​မြတ်​နိုး​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား သည် သင့်​အား​အပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော။ ဤ​သူ​သည်​မီး​ထဲ​မှ​ဆွဲ​နုတ်​လိုက်​သည့်​တုတ် ချောင်း​နှင့်​တူ​ပါ​၏'' ဟု​ပြော​၏။

3 ယော​ရှု​သည်​ညစ်​ပေ​နေ​သော​အ​ဝတ်​များ​ကို ဝတ်​လျက် ထို​အ​ရပ်​တွင်​ရပ်​၍​နေ​၏။-

4 ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏​အ​စေ​အ​ပါး ကောင်း​ကင်​သား​တို့​အား``ဤ​သူ​ဝတ်​ဆင်​ထား သည့်​အ​ဝတ်​ညစ်​တို့​ကို​ချွတ်​ပစ်​လော့'' ဟု​ဆို ပြီး​လျှင်၊ ယော​ရှု​အား``ငါ​သည်​သင်​၏​အ​ပြစ် ကို​ဖယ်​ရှား​လိုက်​ပြီး​လျှင်​သင်​ဝတ်​ဆင်​ရန် အ​ဝတ်​သစ်​များ​ကို​ပေး​ပါ​အံ့'' ဟု​ပြော လေ​သည်။

5 သူ​သည်​မိ​မိ​၏​အ​စေ​အ​ပါး​တို့​အား​ယော​ရှု ၏​ဦး​ခေါင်း​ထက်​တွင်​ဖြူ​စင်​သန့်​ရှင်း​သည့် ပေါင်း​ထုပ်​တစ်​ခု​ကို​တပ်​ဆင်​ပေး​ရန်​ခိုင်း​စေ သ​ဖြင့် ထို​သူ​တို့​သည်​လည်း​ယင်း​သို့​ခိုင်း စေ​သည့်​အ​တိုင်း​ပြု​ကြ​၏။ ထို​နောက်​သူ​တို့ သည်​ယော​ရှု​အား​အ​ဝတ်​သစ်​များ​ကို​ဝတ် ဆင်​ပေး​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း ကင်​တ​မန်​သည်​လည်း​အ​နီး​တွင်​ရပ်​လျက် နေ​၏။

6 ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ယော​ရှု​အား၊-

7 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ် ၍​သင်​သည်​ငါ​၏​ပ​ညတ်​တော်​တို့​ကို​လိုက်​နာ ၍ သင့်​အား​ငါ​ပေး​အပ်​သည့်​တာ​ဝန်​ဝတ္တ​ရား များ​ကို​ဆောင်​ရွက်​မည်​ဆို​ပါ​မူ ငါ​၏​ဗိ​မာန် တော်​နှင့်​ဗိ​မာန်​တော်​တံ​တိုင်း​တို့​ကို​ဆက်​လက် စောင့်​ထိန်း​ကြည့်​ရှု​ခွင့်​ရ​လိမ့်​မည်။ ငါ​သည်​လည်း မိ​မိ​၏​ရှေ့​တော်​တွင်​ရှိ​သည့်​ကောင်း​ကင်​တ​မန် တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​ကြား​တော် မူ​သည့်​နည်း​တူ​သင်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို လည်း​ကြား​တော်​မူ​မည်။-