3 ထိုအခါကောင်းကင်တမန်က``တစ်နိုင်ငံလုံး အပေါ်သို့သက်ရောက်မည့်ကျိန်စာကိုထိုစာ လိပ်တွင်ရေးသားထားပါသည်။ စာလိပ်တစ် မျက်နှာ၌သူခိုးမှန်သမျှတို့သည် ဤနိုင်ငံ မှဖယ်ရှားခြင်းကိုခံရကြလိမ့်မည်ဟူ၍ လည်းကောင်း၊ အခြားတစ်မျက်နှာ၌မူမမှန် မကန်ကျိန်ဆို၍ လိမ်လည်ပြောဆိုသူအပေါင်း တို့သည်သုတ်သင်ပယ်ရှင်းခြင်းကိုခံရကြ လိမ့်မည်ဟူ၍လည်းကောင်းဖော်ပြထား ပါသည်။-
4 အနန္တတန်ခိုးရှင်ထာဝရဘုရားကငါသည် ဤကျိန်စာကိုစေလွှတ်လိုက်မည်ဖြစ်၍ယင်း သည်ငါ၏နာမတော်ကိုတိုင်တည်ကျိန်ဆို၍ လိမ်လည်ပြောဆိုသူမှန်သမျှနှင့်သူခိုးမှန် သမျှတို့၏အိမ်များတွင်ဝင်၍နေလိမ့်မည်။ ထိုအိမ်တို့သည်လည်းကျိန်စာထွက်ခွာသွား သောအခါ ယိုယွင်းပျက်စီးလျက်ကျန်ရစ် ကြလိမ့်မည်'' ဟုဆို၏။
5 ကောင်းကင်တမန်သည်တစ်ဖန်ပေါ်လာပြန် ၍``ကြည့်လော့။ အရာဝတ္ထုတစ်ခုသည်ရွေ့ လျား၍လာနေ၏'' ဆို၏။
6 ငါက``ထိုအရာကားအဘယ်နည်း'' ဟု မေးလျှင်၊ကောင်းကင်တမန်က``ထိုအရာသည်ခြင်း တောင်းတစ်ခုဖြစ်၍တစ်နိုင်ငံလုံး၏အပြစ် ကိုသရုပ်ဆောင်၏'' ဟုပြန်လည်ဖြေကြား လေသည်။-
7 ထိုခြင်းတောင်းတွင်ခဲဖြင့်ပြီးသောအဖုံး တစ်ခုရှိ၏။ ထိုအဖုံးသည်ငါကြည့်လျက် နေစဉ်၌ပင်ပွင့်၍လာလေသည်။ ခြင်းတောင်း ထဲတွင်အမျိုးသမီးတစ်ယောက်ထိုင်လျက် နေပါသည်တကား။
8 ကောင်းကင်တမန်က၊``ဤအမျိုးသမီးသည် ယုတ်မာမှုကိုသရုပ်ဆောင်၏'' ဟုဆိုကာ သူ့အားခြင်းတောင်းထဲသို့နှိပ်ချလိုက်ပြီး လျှင်အဖုံးပြန်ဖုံး၍ထားလိုက်လေသည်။-
9 ငါသည်မော်၍ကြည့်လိုက်သောအခါငှက် ကျား၏အတောင်ကဲ့သို့ကြီးမားသည့် အတောင်များနှင့် ငါ့ထံသို့ပျံလာနေသော အမျိုးသမီးနှစ်ဦးကိုမြင်ရ၏။ သူတို့သည် ခြင်းတောင်းကိုချီယူကာအဝေးသို့ပျံ သွားကြ၏။