ဇာ​ခ​ရိ 5:5-11 BCL

5 ကောင်း​ကင်​တ​မန်​သည်​တစ်​ဖန်​ပေါ်​လာ​ပြန် ၍``ကြည့်​လော့။ အ​ရာ​ဝတ္ထု​တစ်​ခု​သည်​ရွေ့ လျား​၍​လာ​နေ​၏'' ဆို​၏။

6 ငါ​က``ထို​အ​ရာ​ကား​အ​ဘယ်​နည်း'' ဟု မေး​လျှင်၊ကောင်း​ကင်​တ​မန်​က``ထို​အ​ရာ​သည်​ခြင်း တောင်း​တစ်​ခု​ဖြစ်​၍​တစ်​နိုင်​ငံ​လုံး​၏​အ​ပြစ် ကို​သ​ရုပ်​ဆောင်​၏'' ဟု​ပြန်​လည်​ဖြေ​ကြား လေ​သည်။-

7 ထို​ခြင်း​တောင်း​တွင်​ခဲ​ဖြင့်​ပြီး​သော​အ​ဖုံး တစ်​ခု​ရှိ​၏။ ထို​အ​ဖုံး​သည်​ငါ​ကြည့်​လျက် နေ​စဉ်​၌​ပင်​ပွင့်​၍​လာ​လေ​သည်။ ခြင်း​တောင်း ထဲ​တွင်​အ​မျိုး​သ​မီး​တစ်​ယောက်​ထိုင်​လျက် နေ​ပါ​သည်​တ​ကား။

8 ကောင်း​ကင်​တ​မန်​က၊``ဤ​အ​မျိုး​သ​မီး​သည် ယုတ်​မာ​မှု​ကို​သ​ရုပ်​ဆောင်​၏'' ဟု​ဆို​ကာ သူ့​အား​ခြင်း​တောင်း​ထဲ​သို့​နှိပ်​ချ​လိုက်​ပြီး လျှင်​အ​ဖုံး​ပြန်​ဖုံး​၍​ထား​လိုက်​လေ​သည်။-

9 ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​ငှက် ကျား​၏​အ​တောင်​ကဲ့​သို့​ကြီး​မား​သည့် အ​တောင်​များ​နှင့် ငါ့​ထံ​သို့​ပျံ​လာ​နေ​သော အ​မျိုး​သမီး​နှစ်​ဦး​ကို​မြင်​ရ​၏။ သူ​တို့​သည် ခြင်း​တောင်း​ကို​ချီ​ယူ​ကာ​အ​ဝေး​သို့​ပျံ သွား​ကြ​၏။

10 ငါ​သည်​ကောင်း​ကင်​တ​မန်​အား``ထို​သူ​တို့ သည်​ခြင်း​တောင်း​ကို​အ​ဘယ်​အ​ရပ်​သို့ ယူ​ဆောင်​သွား​ကြ​ပါ​သ​နည်း'' ဟု​မေး လျှင်၊

11 ကောင်း​ကင်​တ​မန်​က``ဗာ​ဗု​လုန်​ပြည်​သို့​ဖြစ် ပါ​၏။ သူ​တို့​သည်​ထို​ပြည်​တွင်​ဗိ​မာန်​တစ်​ခု ကို​တည်​ဆောက်​ကြ​ပါ​လိမ့်​မည်။ ထို​နောက်​ဝတ် ပြု​ကိုး​ကွယ်​ရန်​ထို​ဗိ​မာန်​တော်​ထဲ​တွင်​ခြင်း တောင်း​ကို​တည်​ထား​ကြ​ပါ​လိမ့်​မည်'' ဟု ဆို​၏။