ဇာ​ခ​ရိ 6:8-14 BCL

8 ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ငါ့​အား၊``မြောက် အ​ရပ်​သို့​သွား​သည့်​မြင်း​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​ပြေ​စေ​ကြ​လေ ပြီ'' ဟု​ပြော​၏။

9 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဤ​သို့​ဗျာ​ဒိတ် ပေး​တော်​မူ​၏။-

10 ကိုယ်​တော်​က``ပြည်​နှင်​ဒဏ်​သင့်​သူ​ဟေ​လ​ဒဲ၊ တော​ဘိ​ယ​နှင့်​ယေ​ဒါ​သ​အ​နွယ်​ဝင်​တို့​၏ အ​လှူ​ပစ္စည်း​များ​ကို​ယူ​၍ ဇေ​ဖ​နိ​၏​သား ယော​ရှိ​အိမ်​သို့​ချက်​ချင်း​သွား​လော့။ ဤ​သူ အ​ပေါင်း​တို့​သည် ဗာ​ဗု​လုန်​ပြည်​တွင်​ပြည် နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​များ ဖြစ်​၏။-

11 သူ​တို့​ပေး​လှူ​ထား​သည့်​ရွှေ​ငွေ​များ​ဖြင့် သ​ရ​ဖူ​တစ်​ခု​ကို​ပြု​လုပ်​၍ ယော​ဇ​ဒက် ၏​သား​ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​၏ ဦး​ခေါင်း​ကို​ဆောင်း​ပေး​လော့။-

12 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘုရား​က``အ​ညွှန့် အ​တက်'' ဟု​နာ​မည်​တွင်​သူ​သည်​မိ​မိ​ရှိ​ရာ အ​ရပ်​တွင်​ကြီး​ပွား​တိုး​တက်​လျက်​ထာ​ဝ​ရ ဘုရား​၏​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက် ရ​လိမ့်​မည်။-

13 ထို​သူ​သည်​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရ​မည့် သူ၊ ဘု​ရင်​တို့​နှင့်​ထိုက်​တန်​သည့်​ဘုန်း​အ​သ​ရေ ကို​ခံ​ယူ​ရ​ရှိ​မည့်​သူ​ဖြစ်​သ​ဖြင့် မိ​မိ​၏​အ​မျိုး သား​တို့​ကို​အုပ်​စိုး​ရ​လိမ့်​မည်။ သူ​၏​ရာဇ​ပလ္လင် အ​နီး​တွင်​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည်​ရပ် လျက်​သူ​နှင့်​အ​တူ​ငြိမ်း​ချမ်း​သင့်​မြတ်​စွာ ပူး​ပေါင်း​ဆောင်​ရွက်​ပေး​လိမ့်​မည်။-

14 ထို​သ​ရ​ဖူ​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​၏ ဗိ​မာန်​တော်​တွင်​ဟေ​လ​ဒဲ၊ တော​ဘိ​ယ၊ ယေ ဒါ​ယ​နှင့်​ယော​ရှိ​တို့​အား ဂုဏ်​ပြု​ချီး​မြှင့် ရာ​အ​ထိမ်း​အ​မှတ်​လက္ခ​ဏာ​တစ်​ရပ်​ဖြစ် လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။