13 အို ယုဒနှင့်ဣသရေလပြည်သားတို့၊ အတိတ် အခါကလူမျိုးခြားတို့သည်မိမိတို့အချင်း ချင်းကျိန်ဆဲရာတွင်`သင်တို့သည်ယုဒနှင့် ဣသရေလအမျိုးသားတို့ကြုံတွေ့ရသည့် ဘေးအန္တရာယ်ဆိုးများနှင့်ကြုံတွေ့ရကြပါ စေသော' ဟုဆိုတတ်ကြ၏။ သို့ရာတွင်ငါ သည်သင်တို့အားကယ်တင်တော်မူမည်ဖြစ်၍ ထိုလူမျိုးခြားတို့သည်တစ်ဦးနှင့်တစ်ဦး၊ `သင်တို့သည်ယုဒနှင့်ဣသရေလအမျိုး သားတို့ခံစားရသည့်ကောင်းချီးမင်္ဂလာ များကိုခံစားရကြပါစေသော' ဟုဆို ကြလိမ့်မည်။ သို့ဖြစ်၍ရဲရင့်မှုရှိကြ လော့။ မကြောက်ကြနှင့်'' ဟုမိန့်တော်မူ၏။
14 အနန္တတန်ခိုးရှင်ထာဝရဘုရားက``သင် တို့၏ဘိုးဘေးများငါ့အားအမျက်ထွက် စေကြသောအခါ ငါသည်သူတို့ကိုဆိုး ကျိုးပေးရန်ကြံစည်ခဲ့၏။ ထိုနောက်စိတ် သဘောမပြောင်းမလဲဘဲယင်းသို့ကြံ စည်သည့်အတိုင်းငါပြုခဲ့၏။-
15 သို့ရာတွင်ယခုငါသည်ယေရုရှလင်မြို့ သူမြို့သားများနှင့် ယုဒပြည်သားတို့ အားကောင်းချီးပေးရန်ကြံစည်လျက် ရှိ၏။ သို့ဖြစ်၍မကြောက်ကြနှင့်။-
16 သင်တို့ပြုကျင့်သင့်သည့်အမှုများမှာ အချင်းချင်းဟုတ်မှန်ရာကိုပြောဆိုရန် ငြိမ်းချမ်းသာယာရေးအတွက်ဖြောင့်မှန် စွာတရားစီရင်ကြရန်ပင်ဖြစ်ပေသည်။-
17 သင်တို့သည်အချင်းချင်းဘေးအန္တရာယ်ဖြစ် စေမည့်အကြံအစည်ကိုမပြုကြနှင့်။ ကျိန် ဆိုခြင်းကိုပြုလျက်မမှန်သောသက်သေကို မခံကြနှင့်။ လိမ်လည်ပြောဆိုမှု၊ မတရား သည့်အမှုနှင့် အကြမ်းဖက်မှုတို့ကိုငါမုန်း ၏'' ဟုမိန့်တော်မူ၏။
18 အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဇာခရိအားဤသို့ဗျာဒိတ်ပေးတော်မူ၏။-
19 ``စတုတ္ထ၊ ပဉ္စမ၊ သတ္တမနှင့်ဒသမလများ တွင်ကျင်းပသည့်အစာရှောင်သည့်ပွဲတော် များသည် ယုဒပြည်သားအတွက်ရွှင်လန်း ဝမ်းမြောက်ဖွယ်ဖြစ်လာလိမ့်မည်။ သင်တို့ သည်အမှန်တရားနှင့်ငြိမ်းချမ်းသာယာ မှုကိုနှစ်သက်မြတ်နိုးရကြမည်'' ဟု မိန့်တော်မူ၏။