ဇေဖနိ 2:1-7 BCL

1 အို အ​ရှက်​မဲ့​သော​လူ​မျိုး၊-

2 သင်​တို့​သည်​ပန်း​သ​ဖွယ်​ညှိုး​နွမ်း​ခြောက်​သွေ့ လျက်​ခ​န္ဓာ​မ​ရွေ့​မီ၊ သင်​တို့​အ​ပေါ်​သို့ ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်​မ​သက် ရောက်​မီ၊ ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ ရာ​ကာ​လ​မ​ကျ​ရောက်​မီ​အ​မြင်​မှန်​ရ ကြ​လော့။-

3 ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​ကို​လိုက်​နာ လျက် စိတ်​နှ​လုံး​နှိမ့်​ချ​သူ​ပြည်​သူ​ပြည် သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​ထံ တော်​သို့​လာ​ကြ​လော့။ ဖြောင့်​မှန်​ရာ​ကို​ပြု ကျင့်​လျက်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ မိ​မိ​တို့​ကိုယ်​ကို​နှိမ့်​ချ​ကြ​လော့။ ထာ​ဝ​ရ ဘု​ရား​အ​မျက်​တော်​ထွက်​ရာ​ကာ​လ​၌ သင်​တို့​သည်​အ​ပြစ်​ဒဏ်​စီရင်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။

4 ဂါ​ဇ​မြို့​တွင်​လူ​တစ်​စုံ​တစ်​ယောက်​မျှ​ကျန် ရှိ​လိမ့်​မည်​မ​ဟုတ်။ အာ​ရှ​ကေ​လုန်​မြို့​သည် လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။ အာ​ဇုတ် မြို့​သား​တို့​သည်​တစ်​နေ့​ချင်း​တွင်​အ​နှင် ခံ​ရ​ကြ​လျက်​ဧ​ကြုန်​မြို့​သား​တို့​သည် ထို​မြို့​မှ​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-

5 အို ဖိ​လိတ္တိ​လူ​တို့၊ ပင်​လယ်​ကမ်း​ခြေ​တွင်​နေ ထိုင်​သူ​ခေ​ရ​သိ​အ​မျိုး​သား​တို့၊ သင်​တို့ သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ချ​မှတ် တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​သင်​တို့​ကို သုတ်​သင်​ဖျက်​ဆီး​တော်​မူ​မည်​ဖြစ်​၍ သင် တို့​တစ်​ဦး​တစ်​ယောက်​မျှ​ကျန်​ရှိ​ရ​လိမ့် မည်​မ​ဟုတ်။-

6 ပင်​လယ်​အ​နီး​ရှိ သင်​တို့​၏​ပြည်​သည်​သိုး များ​ကျက်​စား​ရာ​ကွင်း​ပြင်​ဖြစ်​၍​နေ လိမ့်​မည်။-

7 အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​သူ​ယု​ဒ​ပြည် သား​တို့​သည်​သင်​တို့​ပြည်​ကို​သိမ်း​ယူ​ကြ လိမ့်​မည်။ သူ​တို့​သည်​ထို​အ​ရပ်​တွင်​သိုး​အုပ် များ​ကို​ထိန်း​ကျောင်း​ကာ​အာ​ရှ​ကေ​လုန် မြို့​ရှိ​နေ​အိမ်​များ​တွင်​အိပ်​ကြ​လိမ့်​မည်။ သူ တို့​၏​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍​သူ​တို့​အား တစ်​ဖန်​ပြန်​ကောင်း​စား​စေ​တော်​မူ​လိမ့်​မည်။