ဇေဖနိ 2:10-15 BCL

10 ဤ​သို့​လျှင်​မော​ဘ​ပြည်​သား​များ​နှင့်​အမ္မုန် ပြည်​သား​များ​သည်​မိ​မိ​တို့​၏​မာ​န​ကြီး မှု၊ မောက်​မာ​ထောင်​လွှား​မှု​နှင့်​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​တို့​ကို​စော်​ကား မှု​တို့​ကြောင့်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​လိမ့်​မည်။-

11 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ထိတ်​လန့် တုန်​လှုပ်​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် လော​ကီ​ဘု​ရား​များ​ကို​ဆိတ်​သုဉ်း​စေ​တော် မူ​မည်​ဖြစ်​၍​လူ​မျိုး​တ​ကာ​တို့​သည် မိ​မိ တို့​ပြည်​အ​သီး​သီး​တွင်​ကိုယ်​တော်​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​လိမ့်​မည်။

12 ထာ​ဝ​ရ​ဘု​ရား​သည်​ဆူ​ဒန်​ပြည်​သား​တို့ ကို​လည်း​ကွပ်​မျက်​တော်​မူ​လိမ့်​မည်။

13 ထာ​ဝ​ရ​ဘု​ရား​သည်​လက်​တော်​ကို​ဆန့်​၍ တန်​ခိုး​တော်​ဖြင့်​အာ​ရှု​ရိ​ပြည်​ကို​သုတ် သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် သည်​နိ​နေ​ဝေ​မြို့​ကို​ရေ​မ​ရှိ​သည့်​ကန္တာ​ရ သ​ဖွယ် လူ​သူ​ဆိတ်​ငြိမ်​ရာ​မြို့​ပျက်​ဖြစ်​စေ တော်​မူ​မည်။-

14 ထို​အ​ရပ်​သည်​သိုး​အုပ်​နှင့်​တိ​ရစ္ဆာန်​အ​မျိုး မျိုး​တို့​နား​နေ​ရာ​ဖြစ်​လိမ့်​မည်။ ဇီး​ကွက် တို့​သည်​တိုက်​ပြို​တိုက်​ပျက်​များ​တွင်​ခို အောင်း​ကာ ပြူ​တင်း​ပေါက်​များ​မှ​အော်​မြည် ကြ​လိမ့်​မည်။ ကျီး​တို့​သည်​လည်း​လှေ​ကား ထစ်​များ​အ​ပေါ်​မှ​နေ​၍​အာ​ကြ​လိမ့်​မည်။ ထို​မြို့​ရှိ​အ​ဆောက်​အ​ဦး​များ​မှ​သစ်​က တိုး​သား​တို့​ကို​လည်း​လူ​တို့​ဖြုတ်​ယူ​ကြ လိမ့်​မည်။-

15 ဤ​သည်​လျှင်​မိ​မိ​ကိုယ်​ကို​တန်​ခိုး​ကြီး​လှ ပြီ​ဟူ​၍​လည်း​ကောင်း၊ လုံ​ခြုံ​မှု​ရှိ​လှ​ပြီ ဟူ​၍​လည်း​ကောင်း​ထင်​မှတ်​သည့်​မြို့​ကြုံ တွေ့​ရ​မည့်​ကံ​ကြမ္မာ​ပင်​ဖြစ်​တော့​၏။ ထို မြို့​၏​မြို့​သူ​မြို့​သား​တို့​က​မိ​မိ​တို့​မြို့ ကို​ကမ္ဘာ​ပေါ်​တွင်​အ​ကြီး​ဆုံး​ဟု​ထင်​မှတ် ကြ​ပေ​သည်။ ထို​မြို့​သည်​တော​တိ​ရစ္ဆာန် များ​နား​နေ​ရာ​ဖြစ်​လျက်​အ​ဘယ်​မျှ​လူ သူ​ဆိတ်​ညံ​၍​နေ​ပါ​လိမ့်​မည်​နည်း။ ယင်း အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​အ​ပေါင်း တို့​သည်​ထိတ်​လန့်​လျက် နောက်​သို့​တွန့်​ဆုတ် သွား​ကြ​လိမ့်​မည်။