9 ထိုသူက``ဒံယေလ၊ ကမ္ဘာကုန်ဆုံးချိန်တိုင် အောင်ဤစကားများကိုလျှို့ဝှက်၍ထား ရမည်။ သို့ဖြစ်၍ယခုသင်သွားလော့။-
10 လူအမြောက်အမြားတို့သည်စိတ်နှလုံးသန့် ရှင်းဖြူစင်လာကြလိမ့်မည်။ သူယုတ်မာတို့ သည်ကားအသိတရားမရှိဘဲဆက်လက် ယုတ်မာလျက်နေကြလိမ့်မည်။ ပညာရှိသူ များသာလျှင်အသိတရားကိုရရှိကြ လိမ့်မည်။
11 ``နေ့စဉ်ပူဇော်ရာယဇ်များကိုရပ်စဲစေသည့် အချိန်၊ ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းသော အရာ ပေါ်ပေါက်လာသည့်အချိန်မှအစပြု၍ ရက်ပေါင်းတစ်ထောင့်နှစ်ရာကိုးဆယ်ကုန် လွန်သွားလိမ့်မည်။-
12 ရက်ပေါင်းတစ်ထောင့်သုံးရာသုံးဆယ့်ငါးရက် ကုန်ဆုံးချိန်တိုင်အောင် သစ္စာရှိသူတို့သည် မင်္ဂလာရှိကြ၏။
13 ``ဒံယေလ၊ သင်သည်လည်းအဆုံးတိုင်အောင် သစ္စာရှိလော့။ ထိုနောက်သင်သည်သေလိမ့်မည်။ သို့ရာတွင်သင်သည်ကပ်ကာလကုန်ဆုံးချိန် ၌ ဆုတော်လာဘ်တော်ကိုခံယူရန်ရှင်ပြန် ထမြောက်လိမ့်မည်'' ဟုဆို၏။ ပရောဖက်ဒံယေလစီရင်ရေးသား သောအနာဂတ္တိကျမ်းပြီး၏။