41 ရုပ်တုကြီး၏ခြေဖမိုးနှင့်ခြေချောင်းများ သည်ရွှံ့စေးသရွတ်တစ်ပိုင်း၊ သံတစ်ပိုင်းဖြစ် ကြောင်းကိုအရှင်မင်းကြီးတွေ့မြင်တော်မူ ရသည်နှင့်အညီ အင်ပါယာနိုင်ငံသည်စိတ် ဝမ်းကွဲပြားသောနိုင်ငံဖြစ်ပါလိမ့်မည်။ သံ နှင့်ရွှံ့စေးသရွတ်ရော၍နေသည်ကိုထောက် ၍ ထိုနိုင်ငံတွင်သံကဲ့သို့ခိုင်မာတောင့်တင်း မှုအချို့အဝက်ရှိပါလိမ့်မည်။-