6 ထိုနောက်သူတို့သည်မင်းကြီးရှေ့တော်သို့ သွားရောက်၍``ဒါရိမင်းမြတ်သက်တော်ရာ ကျော်ရှည်တော်မူပါစေ။-
7 အရှင်မင်းကြီးသည်အမိန့်တော်တစ်ရပ် ကိုထုတ်ဆင့်ကာ ထိုအမိန့်တော်ကိုလူတို့ တိကျစွာလိုက်နာကြစေသင့်ကြောင်းကြီး ကြပ်ရေးအဖွဲ့ဝင်များ၊ ဘုရင်ခံများ၊ လက် ထောက်ဘုရင်ခံများနှင့်အကြံပေးအရာ ရှိများဖြစ်သည့်နိုင်ငံတော်ကိုစီမံအုပ်ချုပ် ကြသူ အကျွန်ုပ်တို့အားလုံးသဘောတူညီ ကြပါ၏။ ရက်ပေါင်းသုံးဆယ်တိုင်တိုင် အဘယ်သူမျှအရှင်မင်းကြီးမှလွဲ၍ အခြားလူထံသော်လည်းကောင်း၊ ဘုရား ထံသော်လည်းကောင်းဆုတောင်းသူမည်သူ မဆို ခြင်္သေ့လှောင်သောတွင်းထဲသို့ပစ်ချ ခြင်းကိုခံစေဟူသောအမိန့်ထုတ်တော် မူပါ။-
8 ထိုအမိန့်တော်ကိုအရှင်မင်းကြီးထုတ် ၍တံဆိပ်ခတ်နှိပ်၍လက်မှတ်ရေးထိုး တော်မူပါလျှင် ယင်းအမိန့်တော်သည်ပြင် ဆင်ပြောင်းလဲ၍မရနိုင်သောမေဒိနှင့် ပါရှလူမျိုးများ၏ဋ္ဌမ္မသတ်ဖြစ်လာ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။-
9 သို့ဖြစ်၍ဒါရိမင်းသည်ထိုအမိန့်တော် ကို တံဆိပ်ခတ်လက်မှတ်ရေးထိုးတော်မူ၏။-
10 မင်းကြီးဤသို့လက်မှတ်ရေးထိုးပြီး ကြောင်းကိုကြားသိသောအခါ ဒံယေလ သည်အိမ်သို့ပြန်လေ၏။ သူ၏အိမ်အထက် ခန်းတွင်ယေရုရှလင်မြို့သို့မျက်နှာမူ သည့်ပြူတင်းပေါက်များရှိ၏။ သူသည်ထို အခန်းတွင်မိမိပြုလေ့ရှိသည်အတိုင်း ပြူတင်းပေါက်များအနီးတွင် ဒူးထောက် လျက်တစ်နေ့လျှင်သုံးကြိမ်ဘုရားသခင်အားဆုတောင်းပတ္ထနာပြုလေ၏။
11 သူ၏ရန်သူတို့သည်ဘုရားသခင်အား ဒံယေလဆုတောင်းပတ္ထနာပြုလျက်နေ သည်ကိုမြင်သောအခါ၊-
12 တစ်စုတစ်ရုံးတည်းဘုရင့်ရှေ့တော်သို့ဝင်၍ ဒံယေလအားပြစ်တင်စွပ်စွဲကြကုန်၏။ သူ တို့က``အရှင်မင်းကြီးကိုယ်တော်သည်နောက် ရက်ပေါင်းသုံးဆယ်တိုင်တိုင်အရှင်မင်းကြီး မှလွဲ၍ အခြားလူထံသော်လည်းကောင်း၊ ဘုရားထံသော်လည်းကောင်းဆုတောင်းသူ မည်သူမဆိုခြင်္သေ့လှောင်သောတွင်းထဲသို့ ပစ်ချခြင်းကိုခံစေဟူသောအမိန့်တော် ကိုလက်မှတ်ရေးထိုးတော်မူခဲ့သည် မဟုတ်ပါလော'' ဟုမေးလျှောက်ကြ၏။မင်းကြီးက``ထိုအမိန့်သည်ပြောင်းလဲ၍ မရသောမေဒိနှင့်ပါရှလူမျိုးတို့၏ ဋ္ဌမ္မသတ်အတိုင်းမှန်ပေ၏'' ဟုမိန့်တော် မူ၏။