1 တိုက်ခိုက်လုယူခံရန်ကြွယ်ဝ များပြားနေသည့်မြို့၊လှည့်စားတတ်သူလူသတ်သမားမြို့သည် အမင်္ဂလာရှိ၏။
2 နှင်တန်ရိုက်သံ၊ရထားဘီးလှိမ့်သံ၊မြင်းခွာသံ၊ စစ်မြင်းရထားဆောင့်သံကိုနားထောင်လော့။
3 မြင်းစီးသူရဲတို့သည်တစ်ဟုန်တည်းတိုက်ခိုက်ကြရာ၊သူတို့၏ဋ္ဌားများလှံများသည်ဝင်းကနဲလက်ကနဲ ဖြစ်၍နေတော့၏။မရေမတွက်နိုင်အောင်များပြားသည့် လူသေအလောင်းတို့သည်စုပုံ၍နေ၏။လူတို့သည်လည်းထိုအလောင်းကောင်များကို တိုက်မိ၍လဲကြ၏။
4 နိနေဝေမြို့တည်းဟူသောပြည့်တန်ဆာမသည် အပြစ်ဒဏ်ခံရလေပြီ။သူသည်လူတို့၏စိတ်ကိုယိုဖိတ်စေလောက်အောင်ချောမောလှသဖြင့်၊လူမျိုးတကာ၏စိတ်ကို ဆွဲဆောင်ကာ ဖြားယောင်းသွေးဆောင်ခဲ့ပေသည်။