34 ယုဒ၊ ဗင်္ယာမိန်၊ ရှေမာယနှင့်ယေရမိတို့နှင့်၊-
35 ယဇ်ပုရောဟိတ်အချို့က တံပိုးခရာများမှုတ်၍လိုက်ကြ၏။ ထိုနောက်ရှေမာယ၏မြေး၊ ယောနသန်၏သားဇာခရိလိုက်လေသည်။ (သူ၏ဘိုးဘေးများတွင်အာသပ်သားချင်းစုဝင်ဖြစ်ကြသောမဿနိ၊ မိက္ခာယနှင့်ဇက္ကုရတို့လည်းပါဝင်လေသည်။-)
36 သူ၏နောက်၌သူ့သားချင်းစုဝင်များဖြစ်ကြသောရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသနေလ၊ ယုဒနှင့်ဟာနနိတို့သည်ဘုရားသခင်၏အစေခံဒါဝိဒ်မင်းတီးမှုတ်သည့်တူရိယာမျိုးတို့ကိုကိုင်ဆောင်လျက်လိုက်ကြ၏။ ကျမ်းတတ်မြောက်သူဧဇရကဤလူစုတို့လှည့်လည်ရာတွင်ဦးစီးခေါင်းဆောင်ပြုလေသည်။-
37 စမ်းရေတွင်းတံခါးသို့ရောက်သောအခါသူတို့သည် ဒါဝိဒ်မြို့သို့သွားရာလှေကားထစ်များကိုတက်၍ ဒါဝိဒ်နန်းတော်ကိုဖြတ်ကျော်ကာမြို့အရှေ့ဘက်၊ ရေတံခါးအနီးရှိမြို့ရိုးသို့ပြန်လည်ရောက်ရှိလာကြ၏။
38 ကျေးဇူးတော်ချီးမွမ်းသည့်အခြားလူစုသည်မြို့ရိုးပေါ်တွင်လက်ဝဲရစ်လှည့်၏။ ငါသည်ကျန်ပရိသတ်တစ်ဝက်နှင့်အတူသူတို့၏နောက်မှလိုက်ကြ၏။ ငါတို့သည်မုန့်ဖိုပြအိုးကိုဖြတ်၍မြို့ရိုးကျယ်အထိလျှောက်သွားကြပြီးလျှင်၊-
39 ဧဖရိမ်တံခါး၊ မြို့ဟောင်းတံခါး၊ ငါးတံခါး၊ ဟာနနေလပြအိုးနှင့်ရာပြည့်ပြအိုးတို့ကိုဖြတ်၍ သိုးတံခါးသို့သွားပြီးနောက်ဗိမာန်တော်အနီးရှိတံခါးတွင်ရပ်နေကြ၏။
40 သို့ဖြစ်၍ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းသည့်လူစုနှစ်စုစလုံးပင်ဗိမာန်တော်နယ်မြေသို့ရောက်ရှိလာကြလေသည်။ငါနှင့်အတူလိုက်ပါလာသည့်ခေါင်းဆောင်များအပြင်၊-