37 စမ်းရေတွင်းတံခါးသို့ရောက်သောအခါသူတို့သည် ဒါဝိဒ်မြို့သို့သွားရာလှေကားထစ်များကိုတက်၍ ဒါဝိဒ်နန်းတော်ကိုဖြတ်ကျော်ကာမြို့အရှေ့ဘက်၊ ရေတံခါးအနီးရှိမြို့ရိုးသို့ပြန်လည်ရောက်ရှိလာကြ၏။
38 ကျေးဇူးတော်ချီးမွမ်းသည့်အခြားလူစုသည်မြို့ရိုးပေါ်တွင်လက်ဝဲရစ်လှည့်၏။ ငါသည်ကျန်ပရိသတ်တစ်ဝက်နှင့်အတူသူတို့၏နောက်မှလိုက်ကြ၏။ ငါတို့သည်မုန့်ဖိုပြအိုးကိုဖြတ်၍မြို့ရိုးကျယ်အထိလျှောက်သွားကြပြီးလျှင်၊-
39 ဧဖရိမ်တံခါး၊ မြို့ဟောင်းတံခါး၊ ငါးတံခါး၊ ဟာနနေလပြအိုးနှင့်ရာပြည့်ပြအိုးတို့ကိုဖြတ်၍ သိုးတံခါးသို့သွားပြီးနောက်ဗိမာန်တော်အနီးရှိတံခါးတွင်ရပ်နေကြ၏။
40 သို့ဖြစ်၍ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းသည့်လူစုနှစ်စုစလုံးပင်ဗိမာန်တော်နယ်မြေသို့ရောက်ရှိလာကြလေသည်။ငါနှင့်အတူလိုက်ပါလာသည့်ခေါင်းဆောင်များအပြင်၊-
41 ငါ၏လူစုတွင်တံပိုးခရာမှုတ်သူယဇ်ပုရောဟိတ်များဖြစ်ကြသည့်ဧလျာကိမ်၊ မာသေယ၊ မိညာမိန်၊ မိက္ခာယ၊ ဧလိသြနဲ၊ ဇာခရိနှင့်ဟာနနိတို့ပါဝင်ကြ၏။-
42 သူတို့၏နောက်မှမာသေယ၊ ရှေမာယ၊ ဧလာဇာ၊ သြဇိ ၊ ယောဟနန်၊ မာလခိယ၊ ဧလံနှင့်ဧဇာတို့ကလိုက်ကြ၏။ ယေဇရာဟိခေါင်းဆောင်သောသီချင်းသည်များသည်အသံကုန်ဟစ်၍သီဆိုကြ၏။
43 ထိုနေ့၌ယဇ်အမြောက်အမြားကိုပူဇော်ကြ၏။ ဝမ်းမြောက်ရွှင်လန်းခွင့်ကိုဘုရားသခင်ပေးတော်မူသောကြောင့်လူတို့သည်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့နှင့်အတူအမျိုးသမီးများနှင့်ကလေးများသည်လည်းပါဝင်ဆင်နွှဲကြသည်ဖြစ်၍ သူတို့၏ရွှင်လန်းဝမ်းမြောက်သံကိုအဝေးကပင်ကြားနိုင်လေသည်။