နေ​ဟ​မိ 13:26-31 BCL

26 ငါ​သည်​သူ​တို့​အား``ရှော​လ​မုန်​မင်း​ကို​အ​ပြစ် ကူး​လွန်​စေ​သူ​များ​ကား​လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​ပင်​တည်း။ ထို​မင်း​သည်​အ​ခြား​လူ မျိုး​တို့​၏​ဘု​ရင်​ရှိ​သ​မျှ​ထက်​ပို​၍​တန်​ခိုး ကြီး​၏။ ဘု​ရား​သ​ခင်​သည်​သူ့​ကို​ချစ်​တော် မူ​သ​ဖြင့်​ဣ​သ​ရေ​လ​တစ်​နိုင်​ငံ​လုံး​ကို​အုပ် စိုး​စေ​တော်​မူ​၏။ သို့​ရာ​တွင်​သူ​သည်​လူ​မျိုး ခြား​များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​သည့်​အ​ပြစ် ကို​ကူး​လွန်​ပေ​သည်။-

27 သို့​ဖြစ်​၍​ငါ​တို့​သည်​လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ခြင်း​သင် တို့​၏​စံ​န​မူ​နာ​အား​ဖြင့်​ဘု​ရား​သ​ခင် ကို​ပြစ်​မှား​ရ​မည်​လော'' ဟု​ပြော​၏။

28 ယော​ယ​ဒ​သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​ဧ​လျာ ရှိပ်​၏​သား​ဖြစ်​၏။ သို့​ရာ​တွင်​သူ​၏​သား​တစ် ယောက်​သည်​ဗေ​သ​ဟော​ရ​နိ​မြို့​သား​သမ္ဘာ လတ်​၏​သ​မီး​နှင့်​အိမ်​ထောင်​ပြု​သ​ဖြင့် ငါ သည်​ယော​ယ​ဒ​အား​ယေ​ရု​ရှ​လင်​မြို့​မှ နှင်​ထုတ်​လိုက်​လေ​သည်။

29 အို ဘု​ရား​သ​ခင်၊ထို​သူ​တို့​သည်​ယဇ်​ပု​ရော ဟိတ်​ရာ​ထူး​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ကိုယ် တော်​ပြု​တော်​မူ​သည့်​ပ​ဋိ​ညာဉ်​တော်​ကို လည်း​ကောင်း​အ​ဘယ်​သို့​ရှုတ်​ချ​ကြ​သည် ကို​မှတ်​တော်​မူ​ပါ။

30 ငါ​သည်​ပြည်​သူ​တို့​အား​လူ​မျိုး​ခြား​နှင့် ဆိုင်​သော​အ​မှု​အ​ရာ​ဟူ​သ​မျှ​နှင့်​ကင်း​စင် စေ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ် ဝင်​တို့​အား​မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​အ​သီး သီး​ကို​သိ​ရှိ​နား​လည်​ကြ​စေ​ရန်​စည်း မျဉ်း​များ​ကို​ရေး​ဆွဲ​ပေး​၏။-

31 အ​ချိန်​ကျ​လျှင်​ထင်း​အ​လှူ​ကို​လည်း​ကောင်း၊ ဆန်​စ​ပါး​အ​ဦး​အ​ဖျား​များ​နှင့်​အ​ဦး မှည့်​သည့်​သစ်​သီး​ပူ​ဇော်​သ​ကာ​များ​ကို လည်း​ကောင်း​ယူ​ဆောင်​လာ​ကြ​စေ​ရန်​စီ​မံ​၏။အို ဘု​ရား​သ​ခင်​ဤ​အ​မှု​အ​ရာ​အ​ပေါင်း​ကို သ​တိ​ရ​တော်​မူ​၍​အ​ကျွန်ုပ်​အား​ကျေး​ဇူး ပြု​တော်​မူ​ပါ။ နေ​ဟ​မိ​မှတ်​စာ​ပြီး​၏။