2 သို့ဖြစ်၍သမ္ဘာလတ်နှင့်ဂေရှင်တို့သည်သြ နောလွင်ပြင်ရှိရွာတစ်ရွာတွင် သူတို့နှင့်လာ ရောက်တွေ့ဆုံရန်ငါ့အားမှာကြားကြ၏။ ဤသို့မှာကြားခြင်းမှာငါ့ကိုအန္တရာယ် ပြုရန်လှည့်စားမှုသာဖြစ်ပေသည်။-
3 ငါသည်သူတို့ထံသို့လူစေလွှတ်၍``ငါသည် ဤအရပ်တွင်အရေးကြီးသည့်အလုပ်ကို လုပ်ဆောင်လျက်နေရသဖြင့် ထိုအရပ်သို့ မလာနိုင်။ သင်တို့နှင့်လာရောက်တွေ့ဆုံရန် ကိစ္စတစ်ခုတည်းအတွက်ဤအလုပ်ကိုရပ် ဆိုင်း၍မထားနိုင်ပါ'' ဟုပြန်ကြားပေး လိုက်၏။
4 သူတို့သည်လေးကြိမ်တိုင်တိုင်မှာကြားသ ဖြင့် ငါသည်ထိုသို့ပင်လေးကြိမ်တိုင်တိုင် ပြန်ကြားလိုက်၏။
5 ထိုနောက်ငါးကြိမ်မြောက်သမ္ဘာလတ်စေ လွှတ်သောအစေခံ၌ချိပ်မနှိပ်သောစာ ပါရှိ၏။-
6 ထိုစာတွင်``သင်နှင့်ယုဒအမျိုးသားတို့သည်ပုန်ကန် ရန်အကြံနှင့်မြို့ရိုးကိုတည်ဆောက်လျက်နေ ကြောင်းနီးနားဝန်းကျင်ရှိလူမျိုးတို့ပြော ဆိုနေကြသည်ဟူသောသတင်းကိုဂေရှင် ထံမှငါကြားသိရပါသည်။ သင်သည်မင်း လုပ်လိုသဖြင့်၊-
7 ယေရုရှလင်မြို့တွင်မိမိအားယုဒဘုရင် အဖြစ်ကြေညာရန် ပရောဖက်အချို့နှင့်စီစဉ် ထားကြောင်းကိုလည်းငါ့အားဂေရှင်ပြောပြ ပါသည်။ ဘုရင်မင်းမြတ်သည်ဤသတင်းကို ဧကန်မုချကြားသိတော်မူလိမ့်မည်။ ထို ကြောင့်ငါနှင့်တိုင်ပင်ရန်လာပါလော့'' ဟု ဖော်ပြပါရှိ၏။
8 ငါကလည်း``သင်ပြောသမျှတို့သည်မဟုတ် မမှန်။ သင်ကိုယ်တိုင်လုပ်ကြံပြောဆိုခြင်း သာဖြစ်၏'' ဟုပြန်ကြားလိုက်၏။