နေ​ဟ​မိ 6:6-12 BCL

6 ထို​စာ​တွင်``သင်​နှင့်​ယု​ဒ​အ​မျိုး​သား​တို့​သည်​ပုန်​ကန် ရန်​အ​ကြံ​နှင့်​မြို့​ရိုး​ကို​တည်​ဆောက်​လျက်​နေ ကြောင်း​နီး​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​ပြော ဆို​နေ​ကြ​သည်​ဟူ​သော​သ​တင်း​ကို​ဂေ​ရှင် ထံ​မှ​ငါ​ကြား​သိ​ရ​ပါ​သည်။ သင်​သည်​မင်း လုပ်​လို​သ​ဖြင့်၊-

7 ယေ​ရု​ရှ​လင်​မြို့​တွင်​မိ​မိ​အား​ယု​ဒ​ဘု​ရင် အ​ဖြစ်​ကြေ​ညာ​ရန် ပ​ရော​ဖက်​အ​ချို့​နှင့်​စီ​စဉ် ထား​ကြောင်း​ကို​လည်း​ငါ့​အား​ဂေ​ရှင်​ပြော​ပြ ပါ​သည်။ ဘု​ရင်​မင်း​မြတ်​သည်​ဤ​သ​တင်း​ကို ဧ​ကန်​မု​ချ​ကြား​သိ​တော်​မူ​လိမ့်​မည်။ ထို ကြောင့်​ငါ​နှင့်​တိုင်​ပင်​ရန်​လာ​ပါ​လော့'' ဟု ဖော်​ပြ​ပါ​ရှိ​၏။

8 ငါ​က​လည်း``သင်​ပြော​သ​မျှ​တို့​သည်​မ​ဟုတ် မ​မှန်။ သင်​ကိုယ်​တိုင်​လုပ်​ကြံ​ပြော​ဆို​ခြင်း သာ​ဖြစ်​၏'' ဟု​ပြန်​ကြား​လိုက်​၏။

9 မြို့​ရိုး​တည်​ဆောက်​မှု​ရပ်​ဆိုင်း​သွား​စေ​ရန်​သူ တို့​အား​လုံး​သည်​ငါ​တို့​အား​ခြိမ်း​ခြောက် လျက်​နေ​ကြ​၏။ သို့​ရာ​တွင်``အို ဘု​ရား​သ​ခင်၊ ယ​ခု​အ​ကျွန်ုပ်​အား​ခွန်​အား​ကြီး​မား​စေ တော်​ပါ'' ဟု​ဆု​တောင်း​၏။

10 ထို​အ​ချိန်​အ​တော​အ​တွင်း​၌​မ​ဟေ​တ ဗေ​လ​၏​မြေး၊ ဒေ​လာ​ယ​၏​သား​ရှေ​မာ​ယ သည်​မိ​မိ​နေ​အိမ်​မှ​မ​ထွက်​ခွာ​နိုင်​သ​ဖြင့် ငါ​သည်​သူ့​ထံ​သို့​သွား​ရောက်​ရာ​သူ​က``ငါ တို့​သည်​ဗိ​မာန်​တော်​သို့​သွား​၍​သန့်​ရှင်း​ရာ ဌာ​န​တော်​တွင်​ပုန်း​အောင်း​ကာ​တံ​ခါး​များ ကို​ပိတ်​ထား​ကြ​ကုန်​အံ့။ သူ​တို့​သည်​ကိုယ် တော်​ကို​သတ်​ရန်​လာ​ကြ​လိမ့်​မည်။ အ​ဘယ် ည​၌​မ​ဆို​လာ​၍​ကိုယ်​တော်​ကို​သတ်​ကြ လိမ့်​မည်'' ဟု​ငါ့​အား​ပြော​ကြား​၏။

11 ထို​အ​ခါ​ငါ​က``ငါ​သည်​ထွက်​ပြေး​တိမ်း ရှောင်​တတ်​သော​သူ​မ​ဟုတ်။ အ​သက်​ချမ်း​သာ ရ​ရန်​ဗိ​မာန်​တော်​ထဲ​တွင်​ပုန်း​အောင်း​တတ် သူ​ဟု​သင်​ထင်​မှတ်​ပါ​သ​လော။ ဗိ​မာန် တော်​သို့​ငါ​မ​သွား'' ဟု​ပြန်​ပြော​လိုက်​၏။

12 ဤ​အ​မှု​ကို​ငါ​စဉ်း​စား​ဆင်​ခြင်​သော​အ​ခါ ယင်း​သို့​ရှေ​မာ​ယ​ငါ့​အား​သ​တိ​ပေး​သည် မှာ သူ့​အား​ဘု​ရား​သ​ခင်​မှာ​ကြား​ထား​တော် မူ​သော​ကြောင့်​မ​ဟုတ်။ တော​ဘိ​နှင့်​သမ္ဘာ​လတ် တို့​တံ​စိုး​လက်​ဆောင်​ပေး​၍ စေ​ခိုင်း​ထား​သော ကြောင့်​ဖြစ်​ကြောင်း​ရိပ်​မိ​သည်။-