မာ​လ​ခိ 1:9-14 BCL

9 အ​ချင်း​ယဇ်​ပု​ရော​ဟိတ်​တို့၊ ငါ​တို့​ကို ကျေး​ဇူး​ပြု​တော်​မူ​ရန်​ဘု​ရား​သ​ခင်​အား ယ​ခု​စမ်း​သပ်​လျှောက်​ထား​ကြည့်​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​၏​ဆု​တောင်း​ပ​တ္ထ​နာ ကို​နား​ညောင်း​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ယင်း သို့​ဖြစ်​ရ​သည်​မှာ​လည်း သင်​တို့​၏​အ​ပြစ် များ​ကြောင့်​ပင်​ဖြစ်​ပါ​၏။-

10 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ ၏​ယဇ်​ပလ္လင်​ပေါ်​တွင်​ညစ်​ညမ်း​သည့်​မီး​များ ကို​သင်​တို့​မ​ထည့်​နိုင်​စေ​ရန် ဗိ​မာန်​တော် တံ​ခါး​များ​ကို​ပိတ်​ထား​မည့်​သူ​ရှိ​လျှင် အ​ဘယ်​မျှ​ကောင်း​လိမ့်​မည်​နည်း။ ငါ​သည် သင်​တို့​ကို​မ​နှစ်​သက်။ ငါ့​ထံ​သို့​သင်​တို့ ယူ​ဆောင်​လာ​သော​ပူ​ဇော်​သ​ကာ​ကို​လည်း လက်​မ​ခံ​လို။-

11 ကမ္ဘာ​မြေ​ကြီး​တစ်​စွန်း​မှ​အ​ခြား​တစ်​စွန်း တိုင်​အောင်​လူ​တို့​သည် ငါ​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​ပေ​သည်။ သူ​တို့​သည်​အ​ရပ် တ​ကာ​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၍ နှစ် သက်​ဖွယ်​ကောင်း​သည့်​ယဇ်​များ​ကို​ငါ့ အား​ပူ​ဇော်​ကြ​၏။ သူ​တို့​အား​လုံး​ပင် ငါ​၏​နာ​မ​တော်​ကို​ချီး​ကူး​ကြ​၏။-''

12 ``သို့​ရာ​တွင်​သင်​တို့​မူ​ကား​ငါ​၏​ယဇ် ပလ္လင်​ကို​ညစ်​ညမ်း​သည်​ဟု​ဆို​ကာ မိ​မိ​တို့ တင်​လှူ​သည့်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို လည်း​မ​ထီ​မဲ့​မြင်​ပြု​လျက်​ငါ့​အား​ရှုတ် ချ​ကြ​ပေ​သည်။-

13 သင်​တို့​က`ဤ​အ​မှု​များ​ပြု​ရ​သည်​ကို​ငါ တို့​ငြီး​ငွေ့​လှ​ပါ​ပြီ' ဟု​ဆို​ကာ​နှာ​ခေါင်း ရှုတ်​၍​ငါ့​အား​မ​လေး​မ​ခန့်​ပြု​ကြ​၏။ သင် တို့​သည်​မိ​မိ​တို့​ခိုး​ယူ​ရ​ရှိ​သည့်​ယဇ်​ကောင် ကို​သော်​လည်း​ကောင်း၊ ခြေ​ကျိုး​သို့​မ​ဟုတ် ဖျား​နာ​သည့်​ယဇ်​ကောင်​ကို​သော်​လည်း​ကောင်း ငါ​၏​အ​တွက်​ပူ​ဇော်​သ​ကာ​အ​ဖြစ်​နှင့်​ယူ ဆောင်​ခဲ့​ကြ​၏။ ငါ​သည်​ဤ​ပူ​ဇော်​သ​ကာ များ​ကို​လက်​ခံ​လိမ့်​မည်​ဟု​သင်​တို့​ထင် မှတ်​ကြ​ပါ​သ​လော။-''

14 ``မိ​မိ​၏​သိုး​အုပ်​တွင်​အ​ပြစ်​အ​နာ​ကင်း သည့်​သိုး​များ​ရှိ​ပါ​လျက် ငါ့​အား​လိမ်​လည် လှည့်​စား​၍​အ​သုံး​မ​ကျ​သည့်​ယဇ်​ကောင် ကို​ပူ​ဇော်​ဆက်​သ​သူ​သည်​ကျိန်​စာ​သင့်​ပါ စေ​သ​တည်း။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် ကြီး​မြတ်​သည့်​ဘု​ရင်​ဖြစ်​တော်​မူ​၍ ငါ​၏ နာ​မ​တော်​ကို​လူ​မျိုး​တ​ကာ​တို့​ကြောက်​ရွံ့ ရို​သေ​ရ​သော​ကြောင့်​တည်း'' ဟု​အ​နန္တ​တန် ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။