မာ​လ​ခိ 2:12-17 BCL

12 ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​သို့​ပြု​ကျင့်​သူ​မှန် သ​မျှ​အား​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​ပါ​စေ သော။ သူ​တို့​အား​အ​ဘယ်​အ​ခါ​၌​မျှ​ငါ​တို့ ၏​အ​မျိုး​သား​ဖြစ်​ပိုင်​ခွင့်​ကို​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် သ​ကာ​များ​ဆက်​သ​သည့်​လူ​မျိုး​တော်​ဖြစ် ပိုင်​ခွင့်​ကို​လည်​ကောင်း​မ​ပေး​ဘဲ​နေ​တော်​မူ ပါ​စေ​သော။

13 သင်​တို့​ပြု​သော​အ​ခြား​အ​မှု​တစ်​ခု​ရှိ သေး​၏။ သင်​တို့​သည်​မိ​မိ​တို့​ယူ​ဆောင်​လာ သည့်​ပူ​ဇော်​သကာ​များ​ကို​ထာ​ဝ​ရ​ဘု​ရား လက်​ခံ​တော်​မ​မူ​သ​ဖြင့်​ငို​ကြွေး​မြည် တမ်း​လျက်​ကိုယ်​တော်​၏​ယဇ်​ပလ္လင်​တော်​ကို မျက်​ရည်​တွင်​နစ်​မြုပ်​စေ​ကြ​၏။-

14 ထို​နောက်​သင်​တို့​က​အ​ဘယ်​ကြောင့်​ဤ​သို့ ကိုယ်​တော်​လက်​မ​ခံ​တော့​ဘဲ​နေ​တော်​မူ​ပါ သ​နည်း​ဟု​မေး​ကြ​၏။ ကိုယ်​တော်​လက်​မ​ခံ တော့​သည့်​အ​ကြောင်း​မှာ​သင်​တို့​သည်​ငယ်​စဉ် အ​ခါ​က လက်​ထပ်​ထိမ်း​မြား​ခဲ့​သူ​ဇ​နီး အား​ပေး​အပ်​ခဲ့​သည့်​က​တိ​သစ္စာ​ကို​ချိုး ဖောက်​လိုက်​ကြ​ကြောင်း​ကိုယ်​တော်​သိ​မြင် တော်​မူ​သော​ကြောင့်​ဖြစ်​ပေ​သည်။ ထို​ဇ​နီး သည်​သင်​၏​အ​ဆွေ​ခင်​ပွန်း​ဖြစ်​ပါ​၏။ သင် သည်​သူ​၏​အ​ပေါ်​တွင်​သစ္စာ​စောင့်​ပါ​မည် ဟု​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​က​တိ ပြု​ခဲ့​ပါ​သော်​လည်း​ထို​က​တိ​သစ္စာ​ကို ချိုး​ဖောက်​ခဲ့​လေ​ပြီ။-

15 ဘု​ရား​သ​ခင်​သည်​သင်​တို့​နှစ်​ဦး​အား​တစ် ကိုယ်​တည်း​တစ်​စိတ်​တည်း​ဖြစ်​စေ​တော်​မူ​သည် မ​ဟုတ်​ပါ​လော။ ယင်း​သို့​ဖြစ်​စေ​တော်​မူ​ရာ ၌​အ​ဘယ်​ရည်​ရွယ်​ချက်​ဖြစ်​ပါ​သ​နည်း။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​အ​စစ်​အ​မှန် များ​ကို​မွေး​ထုတ်​ပေး​ရန်​ဖြစ်​ပေ​သည်။ သို့​ဖြစ် ၍​သင်​တို့​တွင်​အ​ဘယ်​သူ​မျှ​မိ​မိ​၏​ဇ​နီး နှင့်​ပြု​ထား​သည့် က​တိ​သစ္စာ​ကို​မ​ချိုး​မ ဖောက်​မိ​စေ​ရန်​အ​ထူး​သ​တိ​ပြု​ရ​ပေ​မည်။-

16 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​လင်​မ​ယား​ကွာ ရှင်း​မှု​ကို​မုန်း​၏။ ဇ​နီး​ဖြစ်​သူ​ကို​သင်​တို့​ဤ သို့​ရက်​စက်​စွာ​ပြု​ကျင့်​မှု​ကို​ငါ​မုန်း​၏။ သင် တို့​၏​ဇ​နီး​များ​အား​သစ္စာ​စောင့်​ရန်​ပေး​အပ် ခဲ့​သည့်​က​တိ​ကို​မ​ချိုး​မ​ဖောက်​မိ​စေ​ရန် အ​ထူး​သ​တိ​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ ပါ​၏။

17 သင်​တို့​သည်​စ​ကား​များ​လွန်း​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​နား​ငြီး​တော်​မူ​လေ​ပြီ။ သို့​ရာ​တွင်​သင် တို့​က``ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင် နား​ငြီး​စေ​ရန်​အ​ဘယ်​သို့​ပြု​မိ​ကြ​ပါ သ​နည်း'' ဟု​ဆို​ကြ​၏။ ``ထာ​ဝ​ရ​ဘုရား​သည် ဒု​စ​ရိုက်​သ​မား​မှန်​သ​မျှ​ကို​လူ​ကောင်း​သူ ကောင်း​ဟု​ထင်​မှတ်​တော်​မူ​၏'' ဟူ​၍​ပြော ဆို​ခြင်း​အား​ဖြင့်​သော်​လည်း​ကောင်း``တ​ရား မျှ​တ​သည်​ဟု​ထင်​မြင်​ယူ​ဆ​မှု​ကို​ခံ​ရ သော​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မှာ​ရှိ သ​နည်း'' ဟု​ပြော​ဆို​ခြင်း​အား​ဖြင့်​သော် လည်း​ကောင်း​သင်​တို့​သည်​ကိုယ်​တော်​အား နား​ငြီး​စေ​ကြ​၏။