1-2 အနန္တတန်ခိုးရှင်ထာဝရဘုရားက ယဇ် ပုရောဟိတ်တို့အား``ဤပညတ်သည်သင်တို့ အတွက်ဖြစ်၏။ သင်တို့သည်အကျင့်အကြံ အပြုအမူအားဖြင့် ငါ၏ဂုဏ်တော်ကိုချီး ကူးရကြမည်။ အကယ်၍ငါ့စကားကို သင်တို့နားမထောင်ပါမူ ငါသည်သင်တို့ အားကျိန်စာသင့်စေမည်။ သင်တို့မှီခို အားထားရာများကိုလည်းကျိန်စာသင့် စေမည်။ အမှန်စင်စစ်ထိုအရာတို့သည် ယခုပင်ကျိန်စာသင့်ကြလေပြီ။ အဘယ် ကြောင့်ဆိုသော်သင်တို့သည်ငါ၏ပညတ် ကိုလေးလေးစားစားမခံမယူကြသည့် အတွက်ဖြစ်၏။-
3 ငါသည်သင်တို့၏သားမြေးများအား အပြစ်ဒဏ်ခတ်မည်။ သင်တို့၏မျက်နှာကို သင်တို့ပူဇော်သည့်တိရစ္ဆာန်ချေးဖြင့်သုတ် လိမ်း၍ သင်တို့အားထိုယဇ်ကောင်များနှင့် အတူပစ်ထုတ်လိုက်မည်။-
4 ထိုအခါငါသည်လေဝိအနွယ်ဝင်တို့နှင့် ပြုခဲ့သည့်ပဋိညာဉ်တော်ကိုတည်မြဲစေ လိုသဖြင့် ဤပညတ်ကိုသင်တို့အားပေး တော်မူခြင်းဖြစ်ကြောင်းသင်တို့သိရှိကြ လိမ့်မည်။''
5 ငါ၏ပဋိညာဉ်တော်တွင်သူတို့အား အသက်ရှင်မှုနှင့် ချမ်းမြေ့သာယာမှုကို ကတိထားခဲ့သည်ဖြစ်၍ ငါသည်မိမိ အားသူတို့ရိုသေလေးစားစိမ့်သောငှာ ထိုအရာများကိုပေးအပ်ခဲ့ပေသည်။ ထို နေ့ရက်ကာလများကသူတို့သည်အကယ် ပင်ငါ့အားကြောက်ရွံ့ရိုသေရကြ၏။-
6 သူတို့သည်အမှန်တရားကိုဟောပြော သွန်သင်ကြ၏။ အမှားကိုမသွန်သင်ကြ။ သူတို့သည်ငါနှင့်သဟဇာတဖြစ်အောင် နေထိုင်ကြလျက် မိမိတို့ကိုယ်တိုင်သာ လျှင်မှန်ရာကိုပြုကျင့်ကြသည်မဟုတ်။ သူတစ်ပါးတို့အားလည်းမကောင်းမှုကို ရှောင်ကြဉ်ရန်အထောက်အကူပေးကြ ပေသည်။-
7 ဘုရားသခင်အကြောင်းတော်ကိုမှန်ကန် စွာသိရှိနားလည်နိုင်ရန်ဟောပြောသွန် သင်မှုမှာ ယဇ်ပုရောဟိတ်များ၏တာဝန် ဖြစ်ပေသည်။ သူတို့သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ တမန်တော်များဖြစ် သဖြင့် လူတို့သည်ငါ၏အလိုတော်ကို သိရှိနိုင်ရန်သူတို့ထံသို့သွားရကြ၏။
8 ``သို့ရာတွင်ယခုအခါ၌အသင်ပုရောဟိတ် တို့သည်လမ်းမှန်မှလွဲဖယ်၍သွားကြလေပြီ။ သင်တို့၏ဟောပြောသွန်သင်မှုကြောင့်လူအများ ပင်အမှားကိုပြုကျင့်လျက်နေလေပြီ။ သင်တို့ သည်ငါနှင့်ချုပ်ဆိုထားသည့်ပဋိညာဉ်တော် ကိုချိုးဖောက်ကြလေပြီ။-