ရှောလမုန်သီချင်း။ 5:1-5 BCL

1 ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာ သခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်၎င်း၊ ငါ့ဆံပင်သည် ညဉ့်၌ကျတတ်သော နှင်းစက် များနှင့်၎င်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။

2 ကျွန်မသည် အဝတ်ကိုချွတ်ပါပြီ။ အဘယ် ကြောင့် ဝတ်ပြန်ရမည်နည်း။ ခြေကိုလည်းဆေးပါပြီ။ တဖန်ညစ်အောင် အဘယ်ကြောင့် ပြုရပါမည်နည်း။

3 ငါချစ်ရာသခင်သည် လက်တော်ကိုတံခါးပေါက် အထဲသို့ သွင်းတော်မူသည်ဖြစ်၍၊ သူ့ကိုချစ်သနားသော စိတ် အားကြီးသဖြင့်၊

4 ငါချစ်ရာသခင်အား တံခါးကိုဖွင့်အံ့သောငှါ ထသောအခါ၊ ငါ့လက်မှမုရန်ဆီ၊ ငါ့လက်ချောင်းတို့မှ ပကတိမုရန်ဆီသည် တံခါးကျင်တိုက်ပေါ်မှာ စက်စက် ကျလေ၏။

5 ငါချစ်ရာသခင်အားငါဖွင့်သည်ရှိသော်၊ ငါချစ် ရာ သခင်သည်ထွက်သွားနှင့်ပြီ။ စကားသံတော်ကို စေ့စေ့ နားထောင်လျက်၊ သခင်ကိုငါရှာသော်လည်း မတွေ့။ ခေါ်သော်လည်း ထူးတော်မမူ။