1-2 ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့လိုက်နာရန်အောက်ပါပညတ်များကို မောရှေမှတစ်ဆင့်ချမှတ်ပေးတော်မူ၏။ အမျိုး သမီးတစ်ဦးသည်ဋ္ဌမ္မတာရာသီပေါ်ချိန်၌ မသန့်ရှင်းသကဲ့သို့ သားယောကျာ်းကိုဖွားမြင် ပြီးခုနစ်ရက်အတွင်းတွင်ဘာသာရေးထုံး နည်းအရမသန့်ရှင်းချေ။-
3 အဋ္ဌမနေ့၌အရေဖျားလှီးခြင်းမင်္ဂလာကို သားအားပေးရမည်။-
4 မိခင်သည်နောက်ထပ်သုံးဆယ့်သုံးရက်အတွင်း ဘာသာရေးထုံးနည်းအရမသန့်ရှင်းသဖြင့် သွေးသန့်သည့်ကာလမတိုင်မီသန့်ရှင်းသော အရာတစ်စုံတစ်ခုကိုမထိမကိုင်ရ။ တဲ တော်အတွင်းသို့လည်းမဝင်ရ။
5 သမီးကိုဖွားမြင်သောအမျိုးသမီးသည် ဋ္ဌမ္မ တာရာသီပေါ်ချိန်၌မသန့်ရှင်းသကဲ့သို့ မီး ဖွားပြီးတစ်ဆယ့်လေးရက်အတွင်းဘာသာ ရေးထုံးနည်းအရမသန့်ရှင်းချေ။ မိခင်သည် သွေးသန့်သည့်ကာလမတိုင်မီ နောက်ထပ်ခြောက် ဆယ့်ခြောက်ရက်အတွင်းဘာသာရေးထုံးနည်း အရမသန့်ရှင်းချေ။