24 တစ်စုံတစ်ယောက်သောသူသည်မီးလောင်ခံရ၍ မီးလောင်သောနေရာတွင်အရေပြားဖြူလာ လျှင်ဖြစ်စေ၊ နီဖျော့ဖျော့ဖြစ်လာလျှင်ဖြစ်စေ၊-
25 ယဇ်ပုရောဟိတ်သည်ထိုအနာကိုစစ်ဆေးရ မည်။ အနာကွက်တွင်ရှိသောအမွေးများသည် ဖြူ၍အနာတွင်းနက်ကြောင်းတွေ့ရှိရလျှင် မီး လောင်သောအနာမှဖြစ်ပေါ်လာသောဆိုးရွား သည့်ကိုယ်ရေပြားရောဂါဖြစ်သောကြောင့် ယဇ်ပုရောဟိတ်သည်ထိုသူအားမသန့်ရှင်း ဟုဆုံးဖြတ်ရမည်။-
26 သို့ရာတွင်အနာကွက်၌ရှိသောအမွေးသည် မဖြူ၊ အနာတွင်းမနက်၊ အနာ၏အရောင်လည်း ဖျော့နေကြောင်းတွေ့ရှိရလျှင် ထိုသူအားခုနစ် ရက်သီးခြားနေထိုင်စေရမည်။-
27 သတ္တမနေ့တွင်ယဇ်ပုရောဟိတ်သည် သူ့ကိုထပ်မံ စစ်ဆေး၍အနာသည်ပြန့်ပွားနေကြောင်းတွေ့ရ လျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေပြား ရောဂါဖြစ်သောကြောင့် ထိုသူကိုမသန့်ရှင်း ဟုဆုံးဖြတ်ရမည်။-
28 သို့သော်အနာကွက်သည်မူလအခြေအနေ၌ ရှိ၍ မပြန့်ပွားကြောင်းကိုလည်းကောင်း၊ အရောင် ဖျော့နေကြောင်းကိုလည်းကောင်းတွေ့ရှိရလျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေပြားရော ဂါမဟုတ်။ ထိုအနာသည်မီးလောင်သည့်အမာ ရွတ်မျှသာဖြစ်ခြင်းကြောင့် ယဇ်ပုရောဟိတ်သည် ထိုသူအားဘာသာရေးထုံးနည်းအရသန့်ရှင်း သည်ဟုဆုံးဖြတ်ရမည်။
29 အမျိုးသားသို့မဟုတ်အမျိုးသမီးတစ် ယောက်၏ခေါင်းပေါ်တွင်ဖြစ်စေ၊ မေးပေါ်တွင် ဖြစ်စေအနာပေါက်လျှင်၊-
30 ယဇ်ပုရောဟိတ်ကထိုအနာကိုစစ်ဆေးရ မည်။ အနာတွင်းသည်နက်ဟန်ရှိ၍အနာပေါ် ရှိအမွေးများပါးလျက် ဝါကြန့်ကြန့်အရောင် ရှိလျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေ ပြားရောဂါဖြစ်သောကြောင့် ထိုသူအား မသန့်ရှင်းဟုဆုံးဖြတ်ရမည်။-