7 သို့ရာတွင်ယဇ်ပုရောဟိတ်သည်ထိုသူ၏ အနာကိုစစ်ဆေး၍ သန့်ရှင်းသူဟုအဆုံး အဖြတ်ပေးပြီးနောက်မှအနာပြန့်ပွားလာ လျှင် ထိုသူသည်ယဇ်ပုရောဟိတ်ထံ၌တစ် ဖန်အစစ်ဆေးခံရမည်။-
8 ယဇ်ပုရောဟိတ်သည်သူ၏အနာကိုထပ်မံ စစ်ဆေး၍အနာပြန့်ပွားလျက်ရှိကြောင်း တွေ့ရလျှင် ထိုအနာသည်ဆိုးရွားသောကိုယ် ရေပြားရောဂါဖြစ်သောကြောင့် ထိုသူအား မသန့်ရှင်းသူဟူ၍အဆုံးအဖြတ်ပေး ရမည်။
9 တစ်စုံတစ်ယောက်သောသူ၌ ဆိုးရွားသောကိုယ် ရေပြားရောဂါစွဲလျှင် ထိုသူကိုယဇ်ပုရော ဟိတ်ထံသို့ခေါ်ဆောင်ခဲ့ရမည်။-
10 ယဇ်ပုရောဟိတ်သည်သူ့ကိုစစ်ဆေး၍ အရေ ပြားပေါ်တွင်အဖြူကွက်အနာရှိပြီး ထိုအဖြူ ကွက်ပေါ်ရှိအမွေးများဖြူလျက်အနာသည် လည်းပြည်တည်နေလျှင်၊-
11 ထိုအနာသည်ဆိုးရွားသောအရေပြားရောဂါ ဖြစ်သည်။ ယဇ်ပုရောဟိတ်သည်ထိုသူအားမသန့် ရှင်းဟုအဆုံးအဖြတ်ပေးရမည်။ ထိုသူ၌ ရောဂါဆိုးစွဲလျက်ရှိကြောင်း သိသာထင်ရှား သဖြင့်သူ့အားသီးခြားနေထိုင်စေရန်မလို။-
12 အကယ်၍သူ၏အရေပြားရောဂါသည် ဦး ခေါင်းမှခြေထောက်သို့တိုင်အောင်ပြန့်ပွား လာလျှင်၊-
13 ယဇ်ပုရောဟိတ်သည်ထိုသူကိုထပ်မံ၍စစ် ဆေးရမည်။ သူ၏အနာသည် တစ်ကိုယ်လုံးပြန့် နှံ့သွားကြောင်းတွေ့ရှိရလျှင် ယဇ်ပုရောဟိတ် သည်သူ့အားဘာသာရေးထုံးနည်းအရ သန့်ရှင်းသည်ဟုဆုံးဖြတ်ရမည်။ သူသည်တစ် ကိုယ်လုံးဖြူဆွတ်သွားလျှင်ဘာသာရေးထုံး နည်းအရသန့်ရှင်းစင်ကြယ်၏။-