1-2 ထာဝရဘုရားသည် မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားအောက် ပါအတိုင်းမိန့်တော်မူ၏။ ``သင်တို့၏ဘုရားသခင်ငါထာဝရဘုရားသည် သန့်ရှင်းသော ကြောင့်သင်တို့သည်လည်းသန့်ရှင်းရမည်။-
3 လူတိုင်းမိဘကိုရိုသေလေးစားရမည်။ ငါ ပညတ်သည့်အတိုင်းဥပုသ်နေ့ကိုစောင့်ထိန်း ရမည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။
4 ``ငါ့ကိုပစ်ပယ်၍ရုပ်တုများကိုမကိုးကွယ် နှင့်။ သတ္တုဖြင့်သွန်းလုပ်သောရုပ်တုများကို မကိုးကွယ်ရ။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။
5 ``သင်တို့သည်မိတ်သဟာယယဇ်ကိုပူဇော် သည့်အခါ ငါ၏ပြဋ္ဌာန်းချက်များနှင့်အညီ ပူဇော်လျှင် ငါသည်ထိုပူဇော်သကာကို လက်ခံမည်။-