ဝတ်​ပြု 22:28-32 BCL

28 နွား​မ​နှင့်​၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ၊ သိုး မ​နှင့်​၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ၊ ဆိတ်​မ​နှင့် ၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ​တစ်​နေ့​တည်း မ​ပူ​ဇော်​ရ။-

29 သင်​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ် ကို​ပူ​ဇော်​သော​အ​ခါ သင်​တို့​ထာ​ဝ​ရ​ဘု​ရား ၏​စိတ်​တော်​နှင့်​တွေ့​နိုင်​ရန်​ပြ​ဋ္ဌာန်း​ချက်​များ အ​တိုင်း​ပူ​ဇော်​ရ​မည်။-

30 ယဇ်​ကောင်​၏​အ​သား​ကို​နေ့​ချင်း​စား​ရ​မည်။ နက်​ဖြန်​နံ​နက်​အ​ထိ​မ​ကြွင်း​ကျန်​စေ​ရ။

31 ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​ပ​ညတ်​များ​ကို လိုက်​နာ​ကြ​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။-

32 ငါ​၏​နာ​မ​တော်​ကို​မ​ရှုတ်​ချ​ရ။ ငါ​သည် သန့်​ရှင်း​တော်​မူ​ကြောင်း​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည်​သိ​မှတ်​ဝန်​ခံ​ရ​ကြ မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို သန့်​ရှင်း​စေ​တော်​မူ​၏။-