11 သင်တို့သည်ထာဝရဘုရား၏စိတ်တော် နှင့်တွေ့နိုင်ရန် ယဇ်ပုရောဟိတ်သည်ထိုကောက် လှိုင်းစည်းကိုအထူးပူဇော်သကာအဖြစ် ဆက်သရမည်။ ယဇ်ပုရောဟိတ်သည်ထို ပူဇော်သကာကို ဥပုသ်နေ့လွန်သည့်နောက် တစ်နေ့တွင်ဆက်သရမည်။-
12 ဘောဇဉ်ပူဇော်သကာကိုပူဇော်သောနေ့၌ အနာအဆာကင်းသောတစ်နှစ်သားသိုး ကလေးကိုလည်းမီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။-
13 ထိုမီးရှို့ပူဇော်သောယဇ်နှင့်အတူသံလွင် ဆီရောသောမုန့်ညက်လေးပေါင်ကို ဘောဇဉ် ပူဇော်သကာအဖြစ်ဆက်သရမည်။ ထိုပူဇော် သကာ၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။ ထိုယဇ်နှင့်အတူစပျစ်ရည်ငါး ဆယ်သားခန့်ကိုလည်းဆက်သရမည်။-
14 ဘုရားသခင်အားဦးစွာမဆက်သဘဲ ကောက်သစ်ကိုအစိမ်းဖြစ်စေ၊ ကျော်၍ဖြစ်စေ၊ မုန့်လုပ်၍ဖြစ်စေမစားရ။ သင်တို့၏အမျိုး အစဉ်အဆက်သည်ပညတ်ကိုထာဝစဉ် စောင့်ထိန်းရမည်။
15 ဥပုသ်နေ့အလွန်နောက်တစ်နေ့ဖြစ်သည့်ထာဝရ ဘုရားအား ကောက်လှိုင်းစည်းကိုဆက်သသည့် နေ့မှအစပြု၍ရက်သတ္တပတ်ခုနစ်ပတ်ရေ တွက်လော့။-
16 သတ္တမဥပုသ်နေ့လွန်သည့်နောက်တစ်နေ့ဖြစ် သောငါးဆယ်မြောက်နေ့၌ ထာဝရဘုရား အားကောက်သစ်ကိုတစ်ဖန်ဆက်သလော့။-
17 မိသားစုတိုင်းကမုန့်နှစ်လုံးကိုယူခဲ့၍ ထာဝရဘုရားအားအထူးပူဇော်သကာ အဖြစ်ဆက်သရမည်။ ယင်းသို့ဆက်သရာ၌ မုန့်တစ်လုံးစီကို တဆေးရောသောမုန့်ညက် လေးပေါင်ဖြင့်ဖုတ်ပြီးလျှင် အဦးဆုံးရ သောကောက်နှံပူဇော်သကာအဖြစ်ထာဝရ ဘုရားအားပူဇော်ရမည်။-