4 အောက်ဖော်ပြပါပွဲတော်များကိုသတ်မှတ် သောအချိန်အခါများတွင်ကျင်းပရမည် ဖြစ်ကြောင်းကြေညာလော့။
5 ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီး မွမ်းသည့်ပသခါပွဲတော်ကိုပထမလ၊ တစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်တွင်စတင် ကျင်းပရမည်။-
6 တစ်ဆယ့်ငါးရက်မြောက်နေ့တွင်တဆေးမဲ့ မုန့်ပွဲတော်အစပြုသည်ဖြစ်၍ သင်တို့သည် ခုနစ်ရက်ပတ်လုံးတဆေးပါသောမုန့်ကို မစားရ။-
7 ပွဲတော်ပထမရက်၌သင်တို့သည်စုဝေး ဝတ်ပြုကိုးကွယ်ရမည်။ အသက်မွေးဝမ်း ကျောင်းအလုပ်ကိုမလုပ်ရ။-
8 ခုနစ်ရက်ပတ်လုံးထာဝရဘုရားအား ပူဇော် သကာကိုဆက်သရမည်။ သို့ရာတွင်သတ္တမ နေ့၌စုဝေးဝတ်ပြုကိုးကွယ်၍အသက်မွေး ဝမ်းကျောင်းအလုပ်ကိုမလုပ်ရ။
9-10 သင်တို့သည်ထာဝရဘုရားပေးသနား တော်မူမည့်ပြည်သို့ရောက်ရှိ၍ စပါးရိတ် သောအခါအဦးရိတ်သောကောက်လှိုင်းစည်း ကိုယဇ်ပုရောဟိတ်ထံသို့ယူဆောင်ခဲ့ရမည်။-
11 သင်တို့သည်ထာဝရဘုရား၏စိတ်တော် နှင့်တွေ့နိုင်ရန် ယဇ်ပုရောဟိတ်သည်ထိုကောက် လှိုင်းစည်းကိုအထူးပူဇော်သကာအဖြစ် ဆက်သရမည်။ ယဇ်ပုရောဟိတ်သည်ထို ပူဇော်သကာကို ဥပုသ်နေ့လွန်သည့်နောက် တစ်နေ့တွင်ဆက်သရမည်။-