18 သင်တို့ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရန် ထာဝရဘုရား၏ပညတ်တော်ရှိသမျှ ကိုစောင့်ထိန်းလော့။-
19 မြေမှအသီးအနှံထွက်သဖြင့် သင်တို့သည် ဝလင်စွာစားရ၍ဘေးကင်းလုံခြုံစွာနေ ထိုင်ရလိမ့်မည်။-
20 လယ်များကိုမစိုက်မပျိုး၊ အသီးအနှံများ ကိုမစုမသိမ်းရသောသတ္တမနှစ်တွင်မည် ကဲ့သို့စားရပါမည်နည်းဟူ၍တစ်စုံတစ် ယောက်ကမေးကောင်းမေးလိမ့်မည်။-
21 ထာဝရဘုရားသည်ဆဋ္ဌမနှစ်တွင် မြေ ကိုကောင်းချီးပေးသဖြင့်နှစ်နှစ်စာ အတွက်အသီးအနှံထွက်လိမ့်မည်။-
22 သင်တို့သည်အဋ္ဌမနှစ်တွင်လယ်များကိုစိုက် ပျိုးသောအခါ ဆဋ္ဌမနှစ်ကရိတ်သိမ်းခဲ့သော အသီးအနှံကိုစားနေရဦးမည်။ ထိုနှစ်၌ စိုက်ပျိုးသောအသီးအနှံများကိုမရိတ်သိမ်း မီတိုင်အောင် သင်တို့တွင်အစားအစာဖူလုံ လိမ့်မည်။
23 မြေကိုသင်တို့မပိုင်။ ဘုရားသခင်သာပိုင် သဖြင့် ယင်းကိုအပြီးအပိုင်မရောင်းရ။ သင် တို့သည်ဧည့်သည်အာဂန္တုအဖြစ်နှင့်သာ ထို ပြည်သို့ဝင်ရောက်အခြေစိုက်နေထိုင်သူ များဖြစ်ကြမည်။
24 မြေကိုရောင်းချသည့်အခါမူလပိုင်ရှင်က ထိုမြေကိုပြန်၍ဝယ်ယူခွင့်ရှိစေရမည်။-