ဝတ်​ပြု 7:11-17 BCL

11 ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော​မိတ်​သ​ဟာ ယ​ယဇ်​နှင့်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​သည် ကား အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။-

12 တစ်​စုံ​တစ်​ယောက်​သည်​ဘု​ရား​သ​ခင်​အား ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​ယဇ်​ကို​ပူ​ဇော် သော​အ​ခါ ယဇ်​ကောင်​နှင့်​အ​တူ​တ​ဆေး မ​ပါ​သော​မုန့်​ကို​လည်း​ယူ​ဆောင်​ခဲ့​ရ​မည်။ ၎င်း​မုန့်​မှာ​သံ​လွင်​ဆီ​နှင့်​မုန့်​ညက်​ရော​၍​ပြု လုပ်​သော​မုန့်​လုံး​သို့​မ​ဟုတ်​သံ​လွင်​ဆီ​သုတ် သော​မုန့်​ပြား သို့​မ​ဟုတ်​သံ​လွင်​ဆီ​နှင့်​မုန့် ညက်​ရော​၍​ပြု​လုပ်​သော​မုန့်​ဖြစ်​ရ​မည်။ ဤ​မုန့်​များ​တွင်​တဆေး​မ​ပါ​စေ​ရ။-

13 ထို​မုန့်​များ​အ​ပြင် တ​ဆေး​ထည့်​၍​ဖုတ် သော​မုန့်​များ​ကို​လည်း​ဆက်​ကပ်​ရ​မည်။-

14 မုန့်​တစ်​မျိုး​စီ​မှ​တစ်​ခု​ကျ​ကို ထာ​ဝ​ရ​ဘု​ရား အား​အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။ ထို​ဆက်​ကပ်​သော​မုန့်​များ​သည်​ယဇ်​ကောင်​၏ သွေး​ကို ယဇ်​ပလ္လင်​ဘေး​သို့​ပက်​ဖျန်း​သော​ယဇ် ပု​ရော​ဟိတ်​စား​သုံး​ရန်​အ​တွက်​ဖြစ်​သည်။-

15 မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ကို​ပူ​ဇော်​သော​နေ့ ၌ အ​သား​ကို​အ​ကုန်​စား​ရ​မည်။ နောက်​တစ်​နေ့ နံ​နက်​အ​ထိ အ​သား​အ​ကြွင်း​အ​ကျန်​မ​ရှိ စေ​ရ။

16 တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​အ​ဋ္ဌိ​ဋ္ဌာန်​ပြည့် သည်​အ​တွက်​ဖြစ်​စေ၊ မိ​မိ​၏​စေ​တ​နာ​အ လျောက်​ဖြစ်​စေ​မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော် ဆက်​ကပ်​သည့်​အ​ခါ ပူ​ဇော်​သော​နေ့​၌​ယဇ် ကောင်​၏​အ​သား​ကို​အ​ကုန်​စား​ရန်​မ​လို။ ကြွင်း​ကျန်​သော​အ​သား​ကို​နောက်​တစ်​နေ့ ၌​စား​နိုင်​သည်။-

17 သို့​ရာ​တွင်​တ​တိ​ယ​နေ့​သို့​တိုင်​အောင် ကျန် နေ​သေး​သော​အ​သား​ကို​မူ​ကား​မီး​ရှို့​ပစ် ရ​မည်။-