1 ပညာရှိသောသားသည် အဘ၏သွန်သင်ခြင်း ကို နားထောင်တတ်၏။ မထီမဲ့မြင်ပြုသောသားမူကား၊ အပြစ်တင်ခြင်းကို နားမထောင်တတ်။
2 လူသည် မိမိနှုတ်၏အသီးတည်းဟူသော ကောင်းသောအရာကို စားရ၏။ ပြစ်မှားတတ်သော သူမူ ကား၊ ညှဉ်းဆဲခြင်းအပြစ်၏အသီးကို စားရ၏။
3 မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကို စောင့်၏။ မိမိနှုတ်ကို ကျယ်ကျယ်ဖွင့်သောသူမူကား၊ ပျက်စီးခြင်းသို့ရောက်တတ်၏။
4 ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့် တ၍ မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလို ဆန္ဒပြည့်စုံရ၏။