1 ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။
2 လူတို့သည်မိမိတို့ ကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်နှလုံးတို့ကို ချိန်တော်မူ၏။
3 ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့် မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက်တော်မူ၏။
4 ထောင်လွှားသောမျက်နှာ၊ မာနကြီးသောနှလုံး၊ မတရားသောသူတို့၏အလင်းသော်လည်း အပြစ်ပါ၏။