11 ဣဗဇန်ကွယ်လွန်ပြီးနောက် ဇာဗုလုန်မြို့သား ဧလုန်သည်ဆယ်နှစ်မျှ ဣသရေလလူမျိုး၏ ခေါင်းဆောင်ဖြစ်လာ၏။-
12 ထိုနောက်သူသည်ကွယ်လွန်သော်သူ၏ရုပ် အလောင်းကို ဇာဗုလုန်နယ်မြေရှိအာဇလုန် မြို့၌သင်္ဂြိုဟ်ကြလေသည်။-
13 ဧလုန်ကွယ်လွန်ပြီးနောက်ပိရသုန်မြို့နေဟိ လေလ၏သားအာဗဒုန်သည် ဣသရေလ လူမျိုးကိုခေါင်းဆောင်ရ၏။-
14 သူ၌မြည်းတစ်ကောင်စီစီးနင်းသောသား လေးဆယ်နှင့်မြေးသုံးဆယ်ရှိ၏။ အာဗဒုန် သည်ဣသရေလလူမျိုးကိုရှစ်နှစ်မျှ ခေါင်းဆောင်ပြီးလျှင်၊-
15 ကွယ်လွန်သော်သူ၏ရုပ်အလောင်းကိုအာ မလက်တောင်ကုန်းဒေသ၊ ဧဖရိမ်နယ်ရှိ ပိရသုန်မြို့၌သင်္ဂြိုဟ်ကြ၏။