သူ​ကြီး 12:7-13 BCL

7 ယေ​ဖ​သ​သည်​ဣ​သ​ရေ​လ​ပြည်​သူ​တို့ အား​ခြောက်​နှစ်​မျှ​ခေါင်း​ဆောင်​ပြီး​နောက် ကွယ်​လွန်​သော် သူ​၏​ရုပ်​အ​လောင်း​ကို​ဂိ​လဒ် ပြည်​ရှိ​သူ​၏​ဌာ​နေ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။

8 ယေ​ဖ​သ​ကွယ်​လွန်​ပြီး​နောက်​ဣ​သ​ရေ​လ လူ​မျိုး​အား ခေါင်း​ဆောင်​သူ​မှာ​ဗက်​လင်​မြို့ သား​ဣ​ဗ​ဇန်​ဖြစ်​၏။ သူ​၌​သား​သုံး​ဆယ် နှင့်​သမီး​သုံး​ဆယ်​ရှိ​၏။-

9 သူ​သည်​မိ​မိ​၏​သ​မီး​တို့​အား​မိ​မိ​သား ချင်း​စု​ဝင်​မ​ဟုတ်​သူ​များ​နှင့်​ထိမ်း​မြား ပေး​၍ မိ​မိ​သား​များ​အား​မိ​မိ​သား​ချင်း စု​ဝင်​မ​ဟုတ်​သော​အ​မျိုး​သ​မီး​များ နှင့်​ထိမ်း​မြား​ပေး​လေ​သည်။ ဣ​ဗ​ဇန်​သည် ဣ​သ​ရေ​လ​အ​မျိုး​အား​ခု​နစ်​နှစ်​မျှ ခေါင်း​ဆောင်​ရ​ပြီး​နောက်၊-

10 ကွယ်​လွန်​သော်​သူ​၏​ရုပ်​အ​လောင်း​ကို ဗက်​လင်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။

11 ဣ​ဗ​ဇန်​ကွယ်​လွန်​ပြီး​နောက် ဇာ​ဗု​လုန်​မြို့​သား ဧ​လုန်​သည်​ဆယ်​နှစ်​မျှ ဣ​သ​ရေ​လ​လူ​မျိုး​၏ ခေါင်း​ဆောင်​ဖြစ်​လာ​၏။-

12 ထို​နောက်​သူ​သည်​ကွယ်​လွန်​သော်​သူ​၏​ရုပ် အ​လောင်း​ကို ဇာ​ဗု​လုန်​နယ်​မြေ​ရှိ​အာ​ဇ​လုန် မြို့​၌​သင်္ဂြိုဟ်​ကြ​လေ​သည်။-

13 ဧ​လုန်​ကွယ်​လွန်​ပြီး​နောက်​ပိ​ရ​သုန်​မြို့​နေ​ဟိ လေ​လ​၏​သား​အာ​ဗ​ဒုန်​သည် ဣ​သ​ရေ​လ လူ​မျိုး​ကို​ခေါင်း​ဆောင်​ရ​၏။-