သူ​ကြီး 13:1-4 BCL

1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​အား​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။ သို့ ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​အ​နှစ် လေး​ဆယ်​ပတ်​လုံး ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ၏​စိုး​မိုး​အုပ်​ချုပ်​မှု​ကို​ခံ​စေ​တော်​မူ​၏။

2 ထို​ကာ​လ​၌​ဒန်​အ​နွယ်​ဝင်​ဇော​ရာ​မြို့​သား မာ​နော်​ဆို​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ​၏ ဇ​နီး​မှာ​မြုံ​၍​နေ​သ​ဖြင့်​သား​သ​မီး​မ​ရ နိုင်​ပေ။-

3 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ထို အ​မျိုး​သ​မီး​၏​ရှေ့​တွင်​ပေါ်​လာ​၍``သင်​သည် အ​ဘယ်​အ​ခါ​မျှ​သား​သ​မီး​မ​ရ​နိုင်​ခဲ့ သော်​လည်း မ​ကြာ​မီ​ကိုယ်​ဝန်​ဆောင်​၍​သား ယောကျာ်း​ကို​ဖွား​မြင်​လိမ့်​မည်။-

4 သို့​ဖြစ်​၍​စပျစ်​ရည်​ကို​သော်​လည်း​ကောင်း၊ သေ ရည်​သေ​ရက်​ကို​သော်​လည်း​ကောင်း ဘယ်​အ​ခါ ၌​မျှ​မ​သောက်​နှင့်။ တား​မြစ်​ထား​သည့်​အ​စား အ​စာ​မှန်​သ​မျှ​ကို​လည်း​ရှောင်​လော့။-