သူ​ကြီး 13:12-19 BCL

12 မာ​နော်​က``သို့​ဖြစ်​ပါ​လျှင်​သင်​ပြော​သည့် အ​တိုင်း​ဖြစ်​ပျက်​လာ​သော​အ​ခါ ထို​သူ​ငယ် သည်​အ​ဘယ်​အ​ရာ​ကို​ပြု​ရ​ပါ​မည်​နည်း။ အ​ဘယ်​သို့​နေ​ထိုင်​ပြု​မူ​ရ​ပါ​မည်​နည်း'' ဟု​မေး​၏။

13 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က လည်း``သင်​၏​ဇနီး​သည်​သူ့​အား​ငါ​ပြော​ပြ ခဲ့​သ​မျှ​သော​အရာ​တို့​ကို​သေ​ချာ​စွာ​ဆောင် ရွက်​ရ​မည်။-

14 သူ​သည်​စ​ပျစ်​နွယ်​ပင်​မှ​ရ​ရှိ​သည့်​အ​ရာ​ဟူ သ​မျှ​ကို​မ​စား​ရ။ စ​ပျစ်​ရည်​ကို​သော်​လည်း ကောင်း၊ သေ​ရည်​သေ​ရက်​ကို​သော်​လည်း​ကောင်း မ​သောက်​ရ။ တား​မြစ်​ထား​သည့်​အ​စား​အ​စာ မှန်​သ​မျှ​ကို​ရှောင်​ရ​မည်။ သူ​သည်​ငါ​မှာ​ကြား ခဲ့​သ​မျှ​သော​အ​ရာ​တို့​ကို​ပြု​ရ​မည်'' ဟု ပြန်​ပြော​လေ​သည်။

15-16 မာ​နော်​သည်​ထို​သူ​မှာ​ကောင်း​ကင်​တ​မန်​ဖြစ် ကြောင်း​ကို​မ​သိ​သ​ဖြင့်​သူ့​အား``ကျေး​ဇူး​ပြု ၍​မ​သွား​ပါ​နှင့်​ဦး။ သင့်​အ​တွက်​ဆိတ်​ငယ် တစ်​ကောင်​ကို​အ​ကျွန်ုပ်​တို့​ချက်​ပြုတ်​ပါ​ရ စေ'' ဟု​ဆို​၏။သို့​သော်​ကောင်း​ကင်​တ​မန်​က``အ​ကယ်​၍​ငါ သည်​မ​သွား​ဘဲ​နေ​လျှင်​လည်း သင်​၏​အ​စား အ​စာ​ကို​စား​လိမ့်​မည်​မ​ဟုတ်။ အ​ကယ်​၍​ထို အ​စား​အ​စာ​တို့​ကို​သင်​ပြင်​ဆင်​လို​သည် ဆို​ပါ​မူ ယင်း​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လော့'' ဟု ဆို​လေ​သည်။

17 မာ​နော်​က​လည်း​သင်​၏​နာ​မည်​ကို​အ​ကျွန်ုပ် သိ​ပါ​ရ​စေ။ သို့​မှ​သာ​လျှင်​သင်​ပြော​ဆို​သည့် စ​ကား​များ​မှန်​ကန်​လာ​သော​အ​ခါ သင့်​အား အ​ကျွန်ုပ်​တို့​ဂုဏ်​ပြု​နိုင်​ပါ​လိမ့်​မည်'' ဟု​ပြန် ပြော​၏။

18 ကောင်း​ကင်​တ​မန်​က``ငါ​၏​နာ​မ​ကို​အ​ဘယ် ကြောင့်​သိ​လို​သ​နည်း။ ယင်း​မှာ​အံ့​သြ​ဖွယ် ကောင်း​သည့်​နာ​မ​ဖြစ်​၏'' ဟု​ဆို​၏။

19 သို့​ဖြစ်​၍​မာ​နော်​သည်​ဆိတ်​ငယ်​တစ်​ကောင်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ကျောက်​ယဇ်​ပလ္လင်​ပေါ် တွင်​တင်​ပြီး​လျှင် အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် လေ​၏။-