8 ထိုအခါမာနော်သည်``အို ထာဝရဘုရား၊ ကိုယ်တော်စေလွှတ်ခဲ့သူအားကျေးဇူးပြု၍ အကျွန်ုပ်တို့ထံသို့တစ်ဖန်ပြန်လည်စေလွှတ် ပေးတော်မူ၍ သားငယ်မွေးဖွားလာသော အခါသူ့အားအကျွန်ုပ်တို့အဘယ်သို့ပြု ကြရမည်ကိုလည်းအမိန့်ရှိတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
9 ဘုရားသခင်သည်လည်းမာနော်တောင်း လျှောက်သည့်အတိုင်းပြုတော်မူသဖြင့် ကိုယ် တော်၏ကောင်းကင်တမန်သည်လယ်ထဲ၌ ထိုင်နေသောအမျိုးသမီးထံသို့ပြန်လာ လေသည်။ ထိုအခါ၌သူ၏ခင်ပွန်း မာနော်မှာသူနှင့်အတူမရှိချေ။-
10 သို့ဖြစ်၍သူသည်ချက်ချင်းပြေး၍မိမိ၏ ခင်ပွန်းအား``တစ်နေ့ကကျွန်မထံသို့လာ သူသည်ယခုပြန်လည်ရောက်ရှိနေပါပြီ'' ဟုပြော၏။
11 မာနော်သည်လည်းထ၍မိမိဇနီးနောက်သို့ လိုက်သွားပြီးလျှင်သူ့အား``သင်သည်အကျွန်ုပ် ၏ဇနီးနှင့်စကားပြောခဲ့သူမှန်ပါသလော'' ဟုမေး၏။``မှန်ပါသည်'' ဟုထိုသူကဆို၏။
12 မာနော်က``သို့ဖြစ်ပါလျှင်သင်ပြောသည့် အတိုင်းဖြစ်ပျက်လာသောအခါ ထိုသူငယ် သည်အဘယ်အရာကိုပြုရပါမည်နည်း။ အဘယ်သို့နေထိုင်ပြုမူရပါမည်နည်း'' ဟုမေး၏။
13 ထာဝရဘုရား၏ကောင်းကင်တမန်က လည်း``သင်၏ဇနီးသည်သူ့အားငါပြောပြ ခဲ့သမျှသောအရာတို့ကိုသေချာစွာဆောင် ရွက်ရမည်။-
14 သူသည်စပျစ်နွယ်ပင်မှရရှိသည့်အရာဟူ သမျှကိုမစားရ။ စပျစ်ရည်ကိုသော်လည်း ကောင်း၊ သေရည်သေရက်ကိုသော်လည်းကောင်း မသောက်ရ။ တားမြစ်ထားသည့်အစားအစာ မှန်သမျှကိုရှောင်ရမည်။ သူသည်ငါမှာကြား ခဲ့သမျှသောအရာတို့ကိုပြုရမည်'' ဟု ပြန်ပြောလေသည်။