သူ​ကြီး 17:10-13 BCL

10 မိက္ခာ​က​လည်း``အ​ကျွန်ုပ်​နှင့်​အ​တူ​နေ​ပါ​လော့။ အ​ကျွန်ုပ်​အား​အ​ကြံ​ဉာဏ်​ပေး​သူ၊ အ​ကျွန်ုပ်​၏ ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​နေ​ပါ​လော့။ သင့် အား​တစ်​နှစ်​လျှင်​ငွေ​ဒင်္ဂါး​တစ်​ဆယ်​နှင့်​ဝတ်​စုံ ကို​လည်း​ကောင်း၊ အ​စား​အ​စာ​ကို​လည်း​ကောင်း အ​ကျွန်ုပ်​ထောက်​ပံ့​ပါ​မည်'' ဟု​ဆို​လေ​သော်၊-

11 လေ​ဝိ​လူ​ငယ်​သည်​မိက္ခာ​နှင့်​အ​တူ​နေ​ထိုင် ရန်​သ​ဘော​တူ​လိုက်​၏။ သူ​သည်​မိက္ခာ​၏​သား သ​ဖွယ်​အ​တူ​နေ​ထိုင်​လေ​သည်။

12 မိက္ခာ​သည်​သူ့​အား​မိ​မိ​၏​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ် ဖြင့်​ခန့်​ထား​သ​ဖြင့် သူ​သည်​မိက္ခာ​၏​အိမ်​၌​နေ​ထိုင် လေ​သည်။-

13 မိက္ခာ​က​လည်း``ယ​ခု​ငါ​သည်​လေဝိ​အ​မျိုး​သား တစ်​ဦး​အား မိ​မိ​၏​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့် ရ​ရှိ​ထား​လေ​ပြီ။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား သည်​အ​စ​စ​အ​ရာ​ရာ​၌ ငါ့​အား​တိုး​တက် အောင်​မြင်​စေ​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။