10-11 မိဇပါမြို့၌စုဝေးသောသူအပေါင်းတို့ က၊ မိမိတို့တွင်ရဲစွမ်းသတ္တိအရှိဆုံးလူ တစ်သောင်းနှစ်ထောင်အား``သင်တို့သွား၍ အမျိုးသမီးများနှင့်ကလေးများအပါ အဝင်ယာဗတ်မြို့သားအပေါင်းတို့အား သုတ်သင်ပစ်ကြလော့။ ယောကျာ်းနှင့်အပျို စင်မဟုတ်သောအမျိုးသမီးမှန်သမျှ ကိုသတ်ဖြတ်ပစ်ကြရမည်'' ဟုအမိန့် ပေးစေလွှတ်လိုက်လေသည်။-
12 ထိုသူတို့သည်ယာဗက်မြို့သားများအနက် အပျိုစင်လေးရာကိုတွေ့ရှိသဖြင့် သူတို့ အားရှိလောမြို့တပ်စခန်းသို့ခေါ်ဆောင် ခဲ့ကြ၏။ ရှိလောမြို့သည်ခါနာန်ပြည်တွင် ရှိသတည်း။
13 ထိုနောက်စုဝေးသောသူအပေါင်းတို့က ရိမ္မုန် ကျောက်ရှိဗင်္ယာမိန်အမျိုးသားတို့ထံသို့ စစ်ပြေငြိမ်းရန် ကမ်းလှမ်းချက်သတင်းကို ပေးပို့လိုက်ကြ၏။-
14 ဗင်္ယာမိန်အမျိုးသားတို့သည်ပြန်လာကြ သောအခါ အခြားဣသရေလအမျိုးတို့ ကမိမိတို့မသတ်ဘဲထားသည့် ယာဗက်မြို့ သူအမျိုးသမီးတို့ကိုပေးအပ်လိုက်လေ သည်။ သို့ရာတွင်ထိုအမျိုးသမီးအရေ အတွက်မှာထိုသူတို့အတွက်လုံလောက် မှုမရှိချေ။
15 ထာဝရဘုရားသည်ဣသရေလအမျိုး အနွယ်တို့၏စည်းလုံးမှုကိုပျက်ပြားစေ တော်မူပြီဖြစ်၍ လူတို့သည်ဗင်္ယာမိန်အမျိုး သားများအတွက်ဝမ်းနည်းကြလေသည်။-
16 သို့ဖြစ်၍ခေါင်းဆောင်တို့က``ဗင်္ယာမိန်အနွယ် ဝင်အမျိုးသမီးများမရှိကြတော့ပေ။ ကျန် ရှိနေသေးသည့်အမျိုးသားများအတွက် အဘယ်သို့လျှင် မယားများကိုငါတို့ရှာ ဖွေပေးရပါမည်နည်း။-
17 ဣသရေလတစ်ဆယ့်နှစ်မျိုးရှိသည့် အနက်တစ်မျိုးပျောက်ကွယ်၍မသွား စေအပ်။-