ဟော​ရှေ 12:4-10 BCL

4 သူ​သည်​ကောင်း​ကင်​တ​မန်​နှင့်​ရန်​ဘက်​ပြု ၍​အ​နိုင်​ယူ​ခဲ့​သည်။ သူ​သည်​ငို​၍​ကောင်း​ချီး မင်္ဂ​လာ​ကို​တောင်း​ခံ​၏။ ဗေ​သ​လ​မြို့​တွင် ဘု​ရား​သ​ခင်​သည်​ယာ​ကုပ်​ထံ​သို့​ကြွ လာ​၍​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-

5 ထို​ဘု​ရား​သည်​အနန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၏​ဘွဲ့ နာ​မ​တော်​ကား​ထာ​ဝ​ရ​ဘု​ရား​ဖြစ် သ​တည်း။-

6 ထို့​ကြောင့်​ယာ​ကုပ်​အ​နွယ်​ဝင်​တို့၊ သင်​တို့ ၏​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​၍​အ​ထံ တော်​သို့​ပြန်​ကြ​လော့၊ သစ္စာ​စောင့်​လော့၊ ဖြောင့် မတ်​စွာ​ကျင့်​လော့၊ သင်​တို့​၏​ဘု​ရား​သ​ခင် ကို​စိတ်​ရှည်​စွာ​စောင့်​စား​လျက်​နေ​ကြ​လော့။

7 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့​သည်​ခါ​နာန်​အ​မျိုး​သား​တို့​ကဲ့​သို့​ပင် မ​ရိုး​သား​ကြ​ချေ။ သူ​တို့​သည်​မ​မှန်​သော အ​လေး​ချိန်​ခွင်​ဖြင့်​ဝယ်​သူ​တို့​အား​ရောင်း ချ​တတ်​၏။-

8 သူ​တို့​က`ငါ​တို့​သည်​ကြွယ်​ဝ​ချမ်း​သာ​ကြ​၏။ ငွေ​ကြေး​အ​မြောက်​အ​မြား​စု​ဆောင်း​မိ​ပြီ။ မည်​သူ​က​မျှ​ငါ​တို့​အား​မ​တ​ရား​ရ​သော ငွေ​ဖြင့်​ကြွယ်​ဝ​ချမ်း​သာ​သည်​ဟု​မ​စွပ်​စွဲ နိုင်' ဟု​ဆို​ကြ​၏။-

9 သို့​ရာ​တွင်​သင်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည် သဲ​က​န္တာ​ရ​၌​သင် တို့​တဲ​များ​နှင့်​နေ​ထိုင်​သည်​နည်း​တူ ယ​ခု တစ်​ဖန်​တဲ​များ​၌​နေ​ထိုင်​စေ​ဦး​မည်။

10 ``ငါ​သည်​ပ​ရော​ဖက်​တို့​အား​ဗျာ​ဒိတ်​ပေး ၍ ရူ​ပါ​ရုံ​များ​စွာ​ကို​မြင်​စေ​ခဲ့​ပြီ။ သူ​တို့ အား​ဖြင့်​ငါ​၏​လူ​မျိုး​တော်​ကို​သ​တိ​ပေး ခဲ့​ပြီ။-