ဟော​ရှေ 5:4-10 BCL

4 ``သူ​တို့​သည်​ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့် သူ​တို့​၏​ဘု​ရား​သ​ခင်​ထံ​သို့​ပြန်​၍​မ​လာ နိုင်​ကြ။ သူ​တို့​သည်​ရုပ်​တု​ကိုး​ကွယ်​ခြင်း ကို​စွဲ​လန်း​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား ကို​မ​သိ​ကြ။-

5 ဣ​သ​ရေ​လ​ပြည်​သား​တို့​၏​မာန်​မာ​န အ​ကျိုး​ဆက်​သည်​သူ​တို့​တစ်​ဘက်​၌ သက်​သေ​ခံ​လိမ့်​မည်။ သူ​တို့​သည် မိ​မိ​တို့ ၏​အ​ပြစ်​ကြောင့်​ပြို​လဲ​ကြ​၏။ ယု​ဒ​ပြည် သား​တို့​သည်​လည်း​သူ​တို့​နှင့်​အ​တူ ပြို​လဲ​ကြ​၏။-

6 သူ​တို့​၏​သိုး​နွား​များ​ကို​ထာ​ဝ​ရ​ဘု​ရား အား​ယဇ်​ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​ကြ​သော် လည်း​အ​ကျိုး​မ​ရှိ၊ ကိုယ်​တော်​သည်​သူ​တို့ ကို​စွန့်​ပစ်​သွား​ပြီ​ဖြစ်​၍​သူ​တို့​သည် ကိုယ်​တော်​ကို​မ​တွေ့​နိုင်​ကြ။-

7 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သစ္စာ​ဖောက် ကြ​ပြီ။ သူ​တို့​၏​သား​သ​မီး​များ​သည်​လည်း ကိုယ်​တော်​နှင့်​ဆိုင်​သော​သား​သ​မီး​များ​မ ဟုတ်။ သို့​ဖြစ်​၍​ဤ​သူ​တို့​နှင့်​သူ​တို့​၏​လယ် မြေ​များ​မ​ကြာ​မီ​ပျက်​စီး​ကြ​လိမ့်​မည်။''

8 ``ဂိ​ဗာ​မြို့​တွင်​တံ​ပိုး​ခ​ရာ​ကို​မှုတ်​လော့၊ ရာ​မ မြို့​တွင်​တပ်​လှန့်​သံ​ကို​ပေး​လော့။ ဗေ​သ​ဝင် မြို့​တွင်​စစ်​ချီ​သံ​ကြွေး​ကြော်​လော့၊ ဗင်္ယာ​မိန် မျိုး​နွယ်​တို့​တိုက်​ပွဲ​ဝင်​ကြ။-

9 အ​ပြစ်​ဒဏ်​စီ​ရင်​ရာ​နေ့​ရောက်​လာ​ပြီ​ဖြစ် ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပျက် စီး​ရ​လိမ့်​မည်။ ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ဤ​အ​ရာ​သည်​မု​ချ​ဖြစ်​လိမ့်​မည်။''

10 ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​မျိုး​သား ခေါင်း​ဆောင်​တို့​သည်​ဣ​သ​ရေ​လ​နိုင်​ငံ ကို​ဝင်​ရောက်​တိုက်​ခိုက်​၍​သူ​တို့​၏​မြေ​ယာ ကို​ခိုး​ယူ​ကြ​သ​ဖြင့် ငါ​သည်​အ​မျက်​ထွက် ၍​ရေ​လွှမ်း​မိုး​ဖျက်​ဆီး​သ​ကဲ့​သို့​သူ​တို့ အား​ဒဏ်​စီ​ရင်​မည်။-